www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 4, 2012

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လှုံ့ဆော်ရေး ဆောင်းပါး နှင့် ၀တ္ထုတိုပြိုင်ပွဲ ပြုလုပ်မည်




နေပြည်တော် ၊ ၄-၁၀-၂၀၁၂

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူလူထု တစ်ရပ်လုံး စိတ်ပါဝင်စားကာ အားကစားပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပရေး နှင့်အားကစား ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင် အောင်နိုင်ရေး ကိစ္စရပ်များကို တစ်တပ်တစ်အား ပါဝင်ကူညီ ဆောင်ရွက် နိုင်ရေး တို့တွက် တွန်းအားပေး လှုံ့ဆော်နိုင်မည့် ဆောင်းပါး နှင့် ၀တ္ထုတို ပြိုင်ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းပါးပြိုင်ပွဲတွင် A4 (၅)မျက်နှာထက် မနည်း ၊ (၆)မျက်နှာထက် မများ ၊ ၀တ္ထုတို ပြိုင်ပွဲတွင် A4 (၆)မျက်နှာထက် မနည်း ၊ (၇)မျက်နှာထက် မများစေဘဲ ကွန်ပျူတာ စာလုံး Font size (၁၄) အရွယ်အစားဖြင့် စာစီ ပေးပို့နိုင်ကြောင်း သိရသည်။

ပြိုင်ပွဲ ၂ ရပ်စလုံးအတွက် ခေါင်းစဉ်များမှာ ..


  • " အမျိုးသားရေး ကြိုးစားပေး SEA GAMES ပြိုင်ပွဲကြီး အောင်မြင်ရေး "
  • " ဇွဲစိတ်သန်သန် နွှဲစိတ်မာန် ပါဝင်ဆင်နွှဲ အောင်မြင်ရန် "
  • " အားကစားနှင့် အမျိုးသားရေး တာဝန် "
  • " လူတိုင်းပါဝင် တို့တာဝန် "
  • " နွှဲဆင်တွဲယှဉ် အောင်ပွဲဝင် "
  • " အားကစားနှင့် နိုင်ငံ့ဂုဏ်ဆောင်ကြစို့ "


အစရှိသည့် ခေါင်းစဉ်များ အပါအ၀င် ပြိင်ပွဲ အောင်မြင်စွာ ကျင်းပရေး ၊ ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲ အောင်မြင်ရေးတို့ နှင့် ဆယ်နွယ်သည့် မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်များဖြင့်လည်း ထည့်သွင်း ရေးသားနိုင်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ကြသည့် ဆောင်းပါးရှင် ၊ ၀တ္ထုတိုပိုင်ရှင်များ အနေဖြင့် ပြိုင်ပွဲဝင် စာမူများကို နိုဝင်ဘာလ ၇ ရက် နောက်ဆုံးထား၍ " ညွှန်ကြားရေးမှူး ၊ လူထု/ပညာဌာနခွဲ ၊ အားကစား ၀န်ကြီးဌာန ၊နေပြည်တော် ၊ ရုံးအမှတ် (၃၁) " သို့ လိပ်မူပေးပို့နိုင်ပြီး စာမူနှင့်အတူ Passport ဓာတ်ပုံ ၂ ပုံ ၊ ထင်ရှားပေါ်လွင်သော နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူမှန် ၁ စောင် ၊ ကိုယ်တိုင်ရေးသားကြောင်း ၀န်ခံချက် ၁စောင်တို့ ပါရှိရမည် ဖြစ်ပြီး အဆိုပါ အချက်အလက်များ အားလုံးကို ထည့်သွင်းထားသည့် Soft Copy  CD တစ်ချပ်ကိုပါ ထည့်သွင်း ပေးပို့ကြရန် ဖြစ်သည်။

ပြိုင်ပွဲတွင် လက်ခံရရှိသည့် စာမူများအနက် အဆင့်မီသော ဆောင်းပါး (၁၀)ပုဒ် နှင့် ၀တ္တုတို (၁၀)ပုဒ် တို့အား ရွေးချယ်သွားမည် ဖြစ်ပြီး ဆုကြေးငွေအတွက် (၁)ပုဒ်လျှင် ငွေကျပ် (၃)သိန်းစီ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆုရ ဆောင်းပါး နှင့် ၀တ္တုတိုများကို နေ့စဉ်ထုတ် သတင်းစာများနှင့် အားကစား ဂျာနယ်များတွင် ဂုဏ်ပြု ဖော်ပြသွားမည် ဖြစ်ရာ စာမူပေးရန် သတ်မှတ်ရက်ထက် နောက်ကျ ပေးပို့လာသော စာမူများ ၊ စာမူနှင့်အတူ သတ်မှတ်ထားသည့် စာရွက်စာတမ်း အထောက်အထားများ ၊ Soft Copy များ မပြည့်စုံပါက အဆိုပါ စာမူများကို ထည့်သွင်း စဉ်းစားမည် မဟုတ်ကြောင်း နှင့် အသေးစိတ် သိရှိလိုပါက ဖုန်း ၀၆၇- ၄၀၆၀၂၆ ၊ ၀၆၇-၄၀၆၀၂၇ ၊ ၀၉-၂၀၀၂၁၉၆ နှင့် ၀၉-၄၄၈၅၃၅၃၁၁ တို့သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger