www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 4, 2012

နိုင်ငံတကာ အိုင်စီတီပြပွဲ ရန်ကုန်၌ ပြသမည်




ရန်ကုန် ၊ ၄-၁၀-၂၀၁၂

ပြည်ပကုန်သည်ကြီးများနှင့် ကုမ္ပဏီကြီးများ လာရောက်ပြသမည့် နိုင်ငံတကာ မြန်မာအိုင်စီတီပြပွဲ ၂၀၁၂ ကို အောက်တိုဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ ရန်ကုန်မြို့ ၊ ဦးဝိစာရလမ်းရှိ တပ်မတော် ပြခန်း၌ ပြသမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ပစ္စည်း ရောင်းချခြင်းထက် နည်းပညာများကို အဓိက ထား ပြသသွား မည်ဖြစ်ရာ ပြခန်းပေါင်း ၁၂၀ ခန်းအား ကုမ္ပဏီပေါင်း ၃၆ ခုမှ ပြသ မည်ဖြစ်သည်။ ပြပွဲသို့ ဂျပန် ၊ တရုတ် ၊ စင်ကာပူ ၊ မလေးရှား ၊ အစ္စရေး ၊ ဘရာဇီး ၊ တရုတ်(တိုင်ပေ) နှင့် အမေရိကန် စသည့် နိုင်ငံများမှ ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။

မြန်မာအိုင်စီတီပြပွဲ များကို ယခင်က နိုင်ငံတကာမှ ၀င်ရောက်ပြသမှု ရှိသော်လည်း စိတ်ဝင်စားမှု နည်းပါးခဲ့သော်လည်း ယခု ၂၀၁၂ ပြပွဲတွင်မူ နိုင်ငံခြား ကုမ္ပဏီပေါင်း ၃၆ ခုခန့် လာရောက် ပြသကြကြောင်း ၊ ယင်းကုမ္ပဏီများ၏ နည်းပညာ များကို ပြည်တွင်း ကုမ္ပဏီများ လည်း လေ့လာနိုင်ကြောင်း ၊ ဈေးရောင်းပွဲ သက်သက်မဟုတ်ဘဲ နည်းပညာပြပွဲဖြစ်၍ နည်းပညာမြင့်မား တိုးတက်ရေးအတွက် အထောက်အကူပြုမည့် ပြပွဲကြီးဖြစ်၍ လေ့လာ ကြည့်ရှုကြ ရမည့် ပြပွဲကြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ် ပြောကြားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger