www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 6, 2012

တန်ဖိုးနည်း အိမ်ရာများကို အတိုးမဲ့စနစ်ဖြင့် ရောင်းချပေးမည်



ရန်ကုန် ၊ ၆-၁၀-၂၀၁၂

တန်ဖိုးနည်း အိမ်ရာများကို နှစ်ရှည် အတိုးမဲ့စနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း Gold Cycle Engineering and Project International ကုမ္ပဏီလီမိတက် မှ သိရသည်။

အိမ်ရာများကို သဘာဝ ဘေးအန္တရာယ် ဖြစ်ပေါ်တတ်သည့် ဒေသများတွင် ဦးစားပေး ဆောက်လုပ်ပြီး ဧရာဝတီ နှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်တွင် ဒုတိယ ဦးစားပေး ဆောက်လုပ်မည်ဟု သိရသည်။ အိမ်ရာ ၂၀၀၀၀ ကို ၂၀၁၃ ခုနှစ် မတ်လ တွင် စတင် အကောင်အထည် ဖော်မည် ဖြစ်ပြီး ယင်းစီမံကိန်းကို ရေစကြိုမြို့နယ်တွင် စတင်ကာ ဧရာဝတီနှင့် ချင်းတွင်း  မြစ်ကြောင်း တစ်လျှောက် ဆောက်လုပ်မည်ဟု သိရသည်။

တန်ဖိုးနည်းအိမ်ရာများမှာ တစ်လုံးလျှင် မြေတန်ဖိုးပါ ကျပ်သိန်း ၁၀၀ အောက်ရှိပြီး ပြည်ပမှ တိုက်ရိုက် တင်သွင်း အသုံးပြုမည့် မီးမလောင်နိုင်သည့် အိမ်မျိုးဖြစ်ကြောင်း ၊ ယင်းအိမ်ရာများမှာ လေးလုံးတွဲ တစ်ထပ်အိမ်များ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger