www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 6, 2012

မြန်မာနိုင်ငံ သင်္ဘောသားများ သမဂ္ဂ(ယာယီ)အား အဖွဲ့ချုပ် အမည်ပြောင်းလဲရန် စီစဉ်လျက်ရှိ




ရန်ကုန် ၊ ၆-၁၀-၂၀၁၂

ပြည်တွင်း သင်္ဘောသားများ စုစည်းဖွဲ့စည်းထားသော မြန်မာနိုင်ငံ သင်္ဘောသားများ သမဂ္ဂ(ယာယီ) အဖွဲ့အစည်းကို အဖွဲ့ချုပ်ဟူ၍ နာမည်သစ် ပေးကာ အကောင်အထည်ဖော် နိုင်ရန် စီစဉ်လျက် ရှိကြောင်း ယင်းအဖွဲ့မှ သိရသည်။

လက်ရှိ အလုပ်သမား ဥပဒေတွင် ပါရှိသော ပြဋ္ဌာန်းချက်များအရ သင်္ဘောသားများ သမဂ္ဂ အဖွဲ့ ဆိုလျှင် ပြည်ပ သင်္ဘောသားများ အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်းများ ပြုလုပ်ခြင်းများကို ကန့်သတ်ထားပြီး သင်္ဘောသားများ အဖွဲ့ချုပ်ဟု ဆိုလျှင်သာ ပြည်ပမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆက်သွယ်နိုင်သည်ဟု အလုပ်သမား ဥပဒေပြဋ္ဌာန်း ထားကြောင်း ၊ ၄င်းတို့ အဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပ သင်္ဘောသား အဖွဲ့အစည်းများနှင့် ချိတ်ဆက်ရန် လိုအပ်သည့် မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း ထပ်မံ သိရသည်။

မြန်မာနိုင်ငံ သင်္ဘောသားများ သမဂ္ဂ(ယာယီ)ကို ၂၀၁၂ ခုနှစ် မေလတွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် ဦးရေ ၉၀၀ ရှိနေပြီ ဖြစ်ကြောင်း ၊ အဆိုပါ အဖွဲ့တွင် ပြည်တွင်းမှ သင်္ဘောသား လုပ်သက်စာအုပ် (CDC) ကိုင်ဆောင်ထားသူ မည်သည့် သင်္ဘောသားမဆို အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger