www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 29, 2018

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ရောင်းချရမှု ရာခိုင်နှုန်းမြင့်တက်


ပြည်တွင်း၊ပြည်ပ ကျောက်မျက်ရတနာကုန်သည်များ ကျောက်စိမ်းအတွဲများကို ကြည့်ရှုကြစဉ်။

နေပြည်တော် ၂၉-၆-၂ဝ၁၈

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ ပရဝဏ်အတွင်း ဆက်လက် ကျင်းပလျက်ရှိရာ ပြသရောင်းချရမှု ရာခိုင်နှုန်းမြင့်တက် လျက်ရှိကြောင်း သိရသည်။

ဇွန် ၂ဝ ရက်မှ ၂၁ ရက်အတွင်း ပုလဲအတွဲ ၃၆ဝ ကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ယူရိုငွေ ၂ ဒသမ ၅၉၈ သန်းတန်ဖိုးရှိ ပုလဲအတွဲ ၃၄၁ တွဲကိုလည်းကောင်း၊ ဇွန် ၂၃ရက်တွင် ကျောက်မျက် အတွဲ ၃၃၆ တွဲကိုတင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ယူရိုငွေ ၁ ဒသမ ၃၇၈ သန်းတန်ဖိုးရှိ ကျောက်မျက်အတွဲ ၆၉ တွဲကို လည်းကောင်း ရောင်းချခဲ့ရပြီး ကျောက်စိမ်းအတွဲ ၆၇၉၅ တွဲကို ဇွန် ၂၄ ရက်မှ ၂၉ ရက်ထိ ပြသရောင်းချ သွားမည်ဖြစ်ရာ ဇွန် ၂၄ရက်တွင် ယူရိုငွေသန်း ၃၈ ဒသမ ၅၃ဝတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၉၇၃ တွဲကိုလည်းကောင်း၊ ဇွန် ၂၅ ရက်တွင် ယူရိုငွေ ၇၄ ဒသမ ၁၂၂ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၃၃တွဲကို လည်းကောင်း၊ ဇွန် ၂၆ ရက်တွင် ယူရိုငွေ ၈၆ ဒသမ ၈၆၆သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၁၈ တွဲကိုလည်းကောင်း၊ ဇွန် ၂၇ရက်တွင် ယူရိုငွေ ၅၂ ဒသမ ၄၄၁သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၉၂ တွဲကိုလည်းကောင်း၊ ယနေ့တွင် ယူရိုငွေ ၁၁၈ ဒသမ ၆၉၁သန်း တန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၉၂၅တွဲကို လည်းကောင်း ရောင်းချခဲ့ရကြောင်း သိရသည်။

ယခုကျင်းပသည့် (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ရောင်းချရသည့် တန်ဖိုးများအပေါ် သတ်မှတ်ကောက်ခံမည့် အခွန်အခနှုန်းထားများမှာ အထူးကုန်စည်ခွန် အနေဖြင့် ကျောက်စိမ်း အရိုင်းများ အတွက် ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းများ အတွက် ၁ဝရာခိုင်နှုန်းနှင့် ကျောက်မျက်လက်ဝတ် ရတနာအချောထည်များ အတွက် ငါးရာခိုင်နှုန်းတို့ ဖြစ်ကြပြီး ဝန်ဆောင်ခအနေဖြင့် ကျောက်မျက်ရတနာ အရိုင်းများအတွက် သုံးရာခိုင်နှုန်းနှင့် အချောထည်များအတွက် တစ်ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger