www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 29, 2018

ပခုက္ကူ ခရိုင်၌ စိုက်ပျိုးရေပေးဝေမှုတွင် ရေတင်ခများ ပိုမိုတောင်းခံပါက တိုင်ကြားနိုင်



ပခုက္ကူ ၂၉-၆-၂ဝ၁၈

ပခုက္ကူခရိုင်အတွင်းရှိ မြစ်ရေတင်ကြီးများမှ စိုက်ပျိုးရေပေးဝေမှုတွင် နိုင်ငံတော်က သတ်မှတ်ထားသည့် စိုက်ပျိုးရေတင်ခကောက်ခံမှု နှုန်းထားထက် ပိုမိုကောက်ခံပါက စိုက်ပျိုးတောင်သူများ အနေဖြင့် လာရောက်တိုင်ကြား နိုင်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါမြစ်ရေတင် ကြီးများမှာ စိုက်ပျိုးရေပေးဝေနိုင်မှုမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မိုးသီးနှံ လျာထားဧက ၅၅၆ဝ လျာထားခဲ့သော်လည်း အမှန်စိုက်ပျိုးနိုင်မှုမှာ ၇၃၂၂ဧကကို စိုက်ပျိုးရေပေးဝေနိုင်ခဲ့ကာ စိုက်ပျိုးရေတင်ခကောက်ခံမှု နှုန်းထားများမှာ လည်းနိုင်ငံတော်က သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း နွေစပါးငွေကျပ် ၉ဝဝဝ၊ မိုးစပါးငွေကျပ် ၆ဝဝဝ၊ အခြားသီးနှံငွေကျပ် ၃ဝဝဝဖြစ်ပြီး သက်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံပါက လာရောက်တိုင်ကြား နိုင်ကြောင်း၊ အလားတူ စိုက်ပျိုးတောင်သူများ ဘက်က ရေတင်ခကောက်ခံမှုကို တိတိကျကျ ပေးဆောင်စေလိုကြောင်း၊ လျှပ်စစ်မြစ်ရေတင်များ ဖြစ်ခြင်းကြောင့် တစ်ခါတစ်ရံ လျှပ်စစ်မီးအခက်အခဲရှိသည်ကိုလည်း စိုက်ပျိုးတောင်သူ များအနေဖြင့် နားလည်စေချင်ကြောင်း၊ ပခုက္ကူခရိုင်အတွင်းမှာ စိုက်ပျိုးမြေယာ စီမံကိန်းဧက ၃၈ဝ၇ဝ ရှိသော်လည်း စိုက်ပျိုးနိုင်သည့် စိစစ်ဧကသည် ဧက ၂၁၂၆ဝသာရှိကြောင်း၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် စပါးအပါအဝင် မိုးသီးနှံလျာထားဧက ၁ဝဝ၂၇ဧကကို လျာထားစိုက်ပျိုးရေ ပေးဝေနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

တောင်သူများမှာ ယခင်ကာလများက မိုးကိုမျှော်ပြီး မိုးသီးနှံတစ်မျိုးတည်းသာ စိုက်ပျိုးကြရပြီး ယခုအခါ မြစ်ရေတင်ကြီးများမှ ရေတင်စနစ်ဖြင့် နွေစပါး၊ မိုးစပါး၊ အခြားသီးနှံများကို ရာသီမရွေး စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်လာကြပြီ ဖြစ်ပြီး မြစ်ရေတင်ကြီး ၁၄ ခုသည် ပင်မရေတင်စခန်း အမြင့်ပေမှတစ်ဆင့် သတ်မှတ်ထားသည့် ရေတင်ကန်များ အရောက်ကို (ဒေသအခေါ်) ရေခေါ်မြောင်းမကြီးမှ တစ်ဆင့် စိုက်ပျိုးတောင်သူများကိုရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ပေးနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger