www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label တပ်မတော် နယ်လှည့် ဆေးကုသရေး. Show all posts
Showing posts with label တပ်မတော် နယ်လှည့် ဆေးကုသရေး. Show all posts

Wednesday, November 28, 2018

လှည်းကူးမြို့နယ်ရှိ သံဃာတော်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

လှည်းကူးမြို့နယ်ရှိ သံဃာတော်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်   နိုဝင်ဘာ  ၂၇ 
-
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ သံဃာတော်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်  နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ ရုံးခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ဦးစွာ ဆေးကုသရေးအဖွဲ့က သံဃာတော် နှစ်ပါး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း ၉၅ ဦးတို့ကို သွေးတိုးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အစာအိမ်ရောဂါ၊သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ ဆီးချို ၊သွေးချိုရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ
-
နေပြည်တော်  နိုဝင်ဘာ  ၂၇ 
-
ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် တပ်မတော်နယ်လှည့် အထူးကုဆေး အဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများ ပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄)ရေတပ်ဆိပ်ခံတံတားမှ ထွက်ခွာရာ  သန်လျင်တပ်နယ် တပ်နယ်မှူး  ဗိုလ်ချုပ်ဌေးနိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင် နှုတ်ဆက်ကြသည်။
-
အဆိုပါ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)တွင် ပါရဂူ ၁၄ ဦး၊ ဆေးမှူး ငါးဦး၊ သူနာပြုအရာရှိ ရှစ်ဦး၊ သူနာပြုစစ်သည်၄၃ ဦးတို့အပါအဝင် စုစုပေါင်း ၇ဝ ဦးတို့ လိုက်ပါသွားကြပြီး ရခိုင်ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, November 27, 2018

တိုက်ကြီးမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တိုက်ကြီးမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  နိုဝင်ဘာ  ၂၆ 
-
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က   အဆိုပါမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ရုံး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။
-
ဦးစွာ ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် ၁၂၅ ဦးတို့ကို နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး သည်။ ထို့နောက် ဆေးကုသရေး အဖွဲ့က သွေးတိုးရောဂါအကြောင်းနှင့် အပူကြောင့်ဖြစ်တတ်သော ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

အမ်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

အမ်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  နိုဝင်ဘာ  ၂၆ 
-
ရခိုင်ပြည်နယ် အမ်းမြို့နယ် တိုက်မော်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၅၆၂ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများအား အမ်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
-
ယင်းသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
-
ထို့ပြင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တိုက်မော်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဝရသာမိအား ဖူးမြော်၍ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, November 26, 2018

နမ့်စန်မြို့ နမ့်ကြုတ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နမ့်စန်မြို့ နမ့်ကြုတ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် နိုဝင်ဘာ ၂၅ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့ နမ့်ကြုတ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၁၄၂ ဦးကို နား/နှာခေါင်း/ လည်ချောင်း ရောဂါ၊ အရေပြားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ သွေးအားနည်းရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများအား နမ့်စန်မြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
-
-
ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ


ပဲခူးတိုင်း ဒေသကြီး အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်း ဒေသကြီး အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် နိုဝင်ဘာ ၂၅ 
-
ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ရှိ ရတနာအလင်းရောင်မိဘမဲ့ကလေး စောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီး သင်ပညာ ရေးကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘမဲ့ကလေးများ အား ယနေ့နံနက်ပိုင်း တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် ပေးသည်။
-
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်  မိဘမဲ့ ကလေး ၃၈၈ ဦး တို့ကို သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊ အရေပြား ရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူများအား တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံသို့တက် ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
-
ထို့ပြင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား သွားနှင့် ခံတွင်းရောဂါနှင့် လက်ဆေးခြင်း၏ အကျိုးကျေးဇူးများ အကြောင်း ကျန်းမာရေးအသိပညာပေးဟော ပြောခြင်းများဆောင်ရွက်ပေးသည်။
-
ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး ဘုန်းတော် ကြီး သင်ပညာရေးကျောင်း ဦးစီးနာယကဆရာတော် ဘဒ္ဒန္တကောဝိဒအားဖူးမြော်၍ သင်္ကန်း၊ ဆွမ်းဆန် တော်၊ နဝကမ္မဝတ္ထုငွေ၊ လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
-
-
အလားတူ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်း တွင် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသ ရေးအဖွဲ့က ပြည်မြို့နယ်၊  ကျောက် အိုးလေး ကျေးရွာ၊ ပန်းတောင်းမြို့နယ်၊ ဇရပ်လှကျေးရွာနှင့် ရွှေကျင်မြို့နယ်၊ စံဖဲကျေးရွာတို့မှ ဒေသခံ ပြည်သူ ၅၄၄ ဦးတို့ကို အဆိုပါကျေး ရွာများရှိ အခြေခံပညာမူလတန်းကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဆီးချိုရောဂါ၊ သွေးတိုး ရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်း မာရေးစစ်ဆေးကုသမှု များဆောင် ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား ပြည်မြို့နှင့် ပန်းတောင်းမြို့ တို့ရှိ တပ်မ တော်ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
-
ထို့ပြင် ပန်းတောင်းတပ်နယ်မှ တပ်မတော် သားများက ဇရပ်လှကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း/အပြင် သန့်ရှင်းရေးနှင့် ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများတူးဖော်ပေးခြင်းတို့ကို ဆောင်ရွက် ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးမှုများ ကို သက်ဆိုင်ရာတပ်နယ်အသီးသီးမှ တာဝန် ရှိသူများက သွားရောက် ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။  
-
#မြ၀တီနေ့စဉ်သတင်းစာ




Friday, November 16, 2018

ကွန်ဟိန်းမြို့နယ် ကုန်းပေါင်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကွန်ဟိန်းမြို့နယ် ကုန်းပေါင်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် နိုဝင်ဘာ ၁၅
-
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်  ကုန်းပေါင်းကျေးရွာ  အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၄၆ ဦးတို့ကို တုပ်ကွေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ အရိုး/အကြောရောဂါ၊ သွေးအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသ ရန်လိုအပ်သော ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ခိုလမ်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
-
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သက်ကြီးဘိုးဘွားများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။
-
 (၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

မှော်ဘီမြို့နယ် အမှတ်(၂) စစ်မှုထမ်းဟောင်းကျေးရွာ (သဲဖြူ)ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မှော်ဘီမြို့နယ် အမှတ်(၂) စစ်မှုထမ်းဟောင်းကျေးရွာ (သဲဖြူ)ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် နိုဝင်ဘာ ၁၅ 
-
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ယင်းတိုက်ပင် ကျေးရွာအုပ်စု သဲဖြူကျေးရွာရှိ  အမှတ်(၂)စစ်မှုထမ်းဟောင်း ကျေးရွာ(သဲဖြူ)နေ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်  မိသားစုဝင်များအား နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ယင်းတိုက်ပင် ကျေးရွာအုပ်စု သဲဖြူကျေးရွာရှိ  အမှတ်(၂)စစ်မှုထမ်းဟောင်း ကျေးရွာ(သဲဖြူ)နေ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်  မိသားစုဝင်များအား နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ဒီးမော့ဆိုမြို့နယ် နန်းဟူးထွေ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ဒီးမော့ဆိုမြို့နယ် နန်းဟူးထွေ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  နိုဝင်ဘာ  ၁၅ 
-
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် နန်းဟူးထွေကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ   ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ စုစုပေါင်း ၂၁၅ ဦး တို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့်  ခံတွင်းရောဂါ၊  မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး  ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား လွိုင်ကော်မြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, November 15, 2018

မော်လမြိုင်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအားတွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

မော်လမြိုင်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအားတွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်
-
နေပြည်တော် နိုဝင်ဘာ ၁၄ 
-
န်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းတွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင် များက တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ တွေ့ဆုံသည်။
-
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
-
ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ အား မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေး သည်။
-
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေး စကားပြောကြားပြီး စာကြည့်မျက်မှန်များ တပ်ဆင်ပေးကာ သုတ၊ ရသစာအုပ်၊ စာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ဗထူးတပ်မြို့၊ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် -

ဗထူးတပ်မြို့၊ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  နိုဝင်ဘာ  ၁၄
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ အမှတ်(၃) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်းခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း ၂၄၈ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ငါးဦးအား ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  နိုဝင်ဘာ  ၁၄ 
-
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်း ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၈ဝ၆ ဦးနှင့် ဒေသခံပြည်သူ ၁ဝ၅ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အစာအိမ် ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းနှင့် ECG စက်ဖြင့် ရောဂါရှာဖွေ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၂ဝ ဦးအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
-
ထို့ပြင် ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်း ရောဂါနှင့် ဆေးလိပ်အန္တရာယ် တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့်   ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။
-
ယင်းသို့  ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, November 14, 2018

ညောင်ရွှေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ညောင်ရွှေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  နိုဝင်ဘာ  ၁၃
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ကျွန်းတောင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၂၂၅ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ တုပ်ကွေးရောဂါ၊ ဆီးချိုရောဂါ၊ အရိုးရောဂါ၊သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအားတောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ဘားအံမြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ဘားအံမြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် နိုဝင်ဘာ ၁၃
-
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက ဘားအံမြို့ရှိ တပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
-
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
-
ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ဘားအံမြို့နှင့် မော်လမြိုင်မြို့တို့ရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
-
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက    သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး စာကြည့်မျက်မှန်များ တပ်ဆင်ပေးကာ   သုတ၊   ရသစာအုပ်၊ စာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)

Tuesday, November 13, 2018

တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  နိုဝင်ဘာ  ၁၂ 
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ဓမ္မာရုံ၌   ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော်နှစ်ပါးနှင့် ဒေသခံပြည်သူ ၁၃၃ ဦးတို့ကို သွေးတိုးရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, November 9, 2018

သံတောင်ကြီးမြို့နယ်၊ သပြေညွန့်စံပြကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

သံတောင်ကြီးမြို့နယ်၊ သပြေညွန့်စံပြကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  နိုဝင်ဘာ  ၈
-
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွန့်စံပြကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဗာရာဏသီဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၂၅ဝ ဦးတို့ကို ကျောက်ကပ်ရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးအားနည်းရောဂါ၊ ငှက်ဖျားရောဂါ၊ မျက်စိရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၁၅ ဦးအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
-
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဗာရာဏသီကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပဏ္ဍိတအား ဖူးမြော်ကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ရာသီတုပ်ကွေး ရောဂါဖြစ်ပွားခဲ့သော ဒုံဟီးမြို့နယ် အတွင်း တပ်မတော် ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရာသီတုပ်ကွေး ရောဂါဖြစ်ပွားခဲ့သော ဒုံဟီးမြို့နယ် အတွင်း တပ်မတော် ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
-
နေပြည်တော် နိုဝင်ဘာ ၈
-
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီး မြို့နယ်အတွင်းရှိ တုပ်ကွေးဖျားနာ ရောဂါနှင့်  အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါများဖြစ်ပွားလျက်ရှိသည့် ရန်နောနောက်ညိုကျေးရွာမှ ဒေသခံပြည်သူများအား အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်းရှိ နယ်မြေခံတပ်မတော်ဆေးရုံမှ ပါရဂူများပါဝင်သော ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို နိုဝင်ဘာ ၁ ရက် မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၇ ရက်အထိ အဆိုပါ ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူစုစုပေါင်း ၁၇၇ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင် ခဲ့သည်။
-
ဆေးကုသရေးအဖွဲ့အနေဖြင့် နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ ရန်နောနောက်ညိုကျေးရွာ၌ ဒေသခံပြည်သူ ၉၇ ဦး၊  နိုဝင်ဘာ ၆ ရက်တွင် ရန်နောစံရီကျေးရွာရှိ ဒေသခံပြည်သူ ၂ဝ ဦး၊ နိုဝင်ဘာ ၇ ရက်တွင် ဟာရှိတ်တောညိုကျေးရွာရှိ ဒေသခံပြည်သူ ၁၈ ဦး၊ စုစု ပေါင်း ၁၃၅ ဦးတို့ကို ရာသီတုပ်ကွေးရောဂါ၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ၊ သွေးတိုးရောဂါ၊ အာရုံ ကြောအားနည်းရောဂါ၊ အရိုး/အကြော ရောဂါ၊ အစာအိမ်ရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် နိုဝင်ဘာ ၄ ရက်တွင် ရန်နောနောက်ညို ကျေးရွာ၌ ဒေသခံ ပြည်သူ ၈ဝ ဦးတို့ကို ကျန်းမာရေးအသိပညာ ပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက် ပေးသည်။

-
အောက်တိုဘာ ၂၉ ရက်မှစ၍ ဒုံဟီးမြို့နယ်၊ ရန်နောနောက်ညိုကျေးရွာ၌ တုပ်ကွေးဖျားနာခြင်းနှင့် အသက်ရှူ လမ်းကြောင်း ပိုးဝင် ရောဂါများဖြစ်ပွားခဲ့ပြီး ကလေးသူငယ်များနှင့် ခုခံအားနည်းသူများတွင် ရောဂါအခြေအနေ ပြင်းထန်ကာ အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်အတွင်း အသက် ၁ဝ နှစ်အောက် ကလေးငယ်သုံးဦးမှာ သေဆုံး သွားခဲ့သည်။
-
သို့ဖြစ်၍ နိုဝင်ဘာ ၁ ရက်တွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ်အတွင်းရှိ နယ်မြေခံ တပ်မတော်ဆေးရုံမှ ပါရဂူများ ပါဝင်သော ဆေးကုသရေးအဖွဲ့ဖြင့် အဆိုပါကျေးရွာသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက် ဆောင် ရွက်ပေးခဲ့ပြီး လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့၍ အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောမှု လုပ်ငန်း များကို ဆေးကုသရေးအဖွဲ့က ဆက်လက် လုပ်ဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, November 6, 2018

မိုးမိတ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မိုးမိတ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  နိုဝင်ဘာ  ၅ 
-
 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား နိုဝင် ဘာ ၄ ရက် နေ့လယ်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က မိုးမိတ်မြို့ရှိ ပြည်ငြိမ်းအေးခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၅၁ ဦးကို သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အစာအိမ်ရောဂါ၊နား/နှာခေါင်း/လည် ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                  
 (၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, November 2, 2018

မကွေးမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မကွေးမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  နိုဝင်ဘာ  ၁ 
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကန်ပြား(အနောက်ရွာ) ကျေးရွာမှ ဒေသခံ ပြည်သူများအား အောက်တိုဘာ ၃၁ ရက်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာ ဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၁၂ဝ ဦးတို့ကို သွေးတိုးရောဂါ၊ သွားနှင့် ခံတွင်း ရောဂါ၊ ကလေး ရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အထွေ ထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရပ်စောက်မြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့ အတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ရပ်စောက်မြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့ အတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  နိုဝင်ဘာ  ၁
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက် မြို့နယ်၊ ဟွေးကျေးရွာ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာ ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ တိုင်းရင်း သားပြည်သူများအား အောက်တိုဘာ ၃၁ ရက်နှင့် ယနေ့နံနက်ပိုင်း တို့တွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာများရှိ ရွာဦးဘုန်း တော်ကြီးကျောင်းနှင့်  ကျေးရွာခန်းမတို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၃ဝဝ ဦးတို့ကို ခွဲစိတ်ကုသမှု ဆိုင်ရာ ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုး ရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အထွေ ထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးပြီး ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သော ဒေသခံ တိုင်းရင်းသားပြည်သူ သုံးဦးတို့ကို ဗထူးတပ်မြို့ရှိ နယ်မြေခံ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger