www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 1, 2015

သူနာပြု သွားဖွားလုပ်ကိုင်သူများ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပြုရာတွင် လိုင်စင်မရှိပါက အရေးယူမှုများ ပြုလုပ်မည်



ရန်ကုန် ၊ ၁-၆-၂၀၁၅

သူနာပြုနှင့် သားဖွား လုပ်ကိုင်သူ များသည် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ရာတွင် သက်ဆိုင်ရာ လိုင်စင် ကိုင်ဆောင်ထားခြင်း မရှိဘဲ ဆေးကုသမှု ပြုလုပ်ပါက မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ သူနာပြု နှင့် သားဖွား ကောင်စီမှ သိရသည်။

ပြည်တွင်း သူနာပြု သို့မဟုတ် သားဖွားအဖြစ် လုပ်ကိုင်သူ တချို့သည် သက်ဆိုင်ရာ လိုင်စင်များ ကိုင်ဆောင် ထားခြင်းမရှိဘဲ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်လျက် ရှိရာ ယခုနှစ် မတ် ၁၉ ရက်က ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွား ကောင်စီ ဥပဒေအရ သတ်မှတ် ထားသည့် လိုင်စင်မရှိဘဲ ကျန်းမာရေး စောင့်ရှောက်မှု ပြုနေသူ များသည် ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ငွေကျပ် တစ်သိန်းမှ အများဆုံး ငွေကျပ် ၁ဝ သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးကို ဖြစ်စေ ချမှတ်ခံ ရနိုင်ကြောင်း သိရသည်။

ထိုသို့ တားမြစ် ထားသော တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ပါက ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရနိုင်ပြီး သူနာပြု သို့မဟုတ် သားဖွား အလုပ်ကို ပြုလုပ်ရာတွင် လူတစ်ဦးဦး သေဆုံးခြင်း သို့မဟုတ် ပြင်းထန်သော ဒဏ်ရာ ရရှိခြင်း ဖြစ်ပါက အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ အများဆုံး ခုနစ်အထိ ချခံရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

ထို့ကြောင့် အသိအမှတ် ပြုထားသော ပြည်တွင်းရှိ သူနာပြုနှင့် သားဖွား အတတ်ပညာ သင်ကျောင်းများ မှ အပ်နှင်းသော ဘွဲ့၊ ဒီပလိုမာ သို့မဟုတ် အောင်လက်မှတ် ရရှိသူသည် သူနာပြု အဖြစ် လည်းကောင်း၊ သားဖွားအဖြစ် လည်းကောင်း သူနာပြု သားဖွား အဖြစ် လည်းကောင်း မှတ်ပုံတင် ပေးရန် မြန်မာနိုင်ငံ သူနာပြု နှင့် သားဖွား ကောင်စီသို့ သတ်မှတ်ချက် များနှင့်အညီ လျှောက်ထား နိုင်ပြီး သူနာပြု အတတ်ပညာ၊ သားဖွား အတတ်ပညာဖြင့် လုပ်ကိုင်လို ပါက သက်ဆိုင်ရာ လိုင်စင် ထုတ်ပေးရန် လျှောက်ထား နိုင်သည်။

အဆိုပါလိုင်စင် လျှောက်ထား ရာတွင်လည်း လိုင်စင် ထုတ်ပေးသော နေရာ၌ အရည်အချင်း စစ်ဆေးသော အနေဖြင့် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲ များကို ဖြေဆိုရမည် ဖြစ်ကာ ကျန်းမာရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ သူနာပြု နှင့် သားဖွား ကောင်စီမှ ထုတ်ပေးသည့် လိုင်စင် သက်တမ်းသည် နှစ်နှစ် သတ်မှတ်ထားပြီး လိုင်စင် သက်တမ်း ကုန်ဆုံးပါက သက်တမ်း တိုးမြှင့်ရန် သက်တမ်း မကုန်မီ ရက်ပေါင်း ၆ဝ အတွင်း သတ်မှတ်ချက် များနှင့်အညီ လျှောက်ထား ရမည် ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily

China to stage live-fire drill in southwestern border with Myanmar


A People's Liberation army soldier participates in the joint military exercise before the "Peace Mission-2014" in Zhurihe, north China's Inner Mongolia Autonomous Region, Aug. 20, 2014. (Xinhua/Zhang Ling)

KUNMING, June 1 (Xinhua) -- The Chinese People's Liberation Army (PLA) will start a live-ammunition drill on Tuesday in southwestern Yunnan Province, close to the border with Myanmar, military sources said on Monday.

Zhao Picong, spokesperson for the PLA Chengdu Military Area Command, said the joint drill, which will involve troops from the PLA Army and Air Force, is scheduled in accordance with training plans.

No aircraft will be allowed to enter the airspace of the drill without permission, and vehicles entering the drill areas in Gengma and Zhenkang counties will be subject to traffic controls, according to a PLA statement.

Locals will not be allowed to enter the drill areas without a permit.

The PLA said Chinese authorities have informed Myanmar of the drill, and an end date will be announced later.

Source = http://news.xinhuanet.com/english/2015-06/01/c_134287466.htm

ဘ၀အောင်မြင်မှုအတွက် ရှောင်ကြဉ်ရမည့် အချက်


ဘ၀အောင်မြင်မှုအတွက် ရှောင်ကြဉ်ရမည့် အချက်

ဗုဒ္ဓ၏ နေ့စဉ်ဘဝ ဖြတ်သန်းမှုတွင် နေ့စဉ် ရှောင်ကြဉ်ရမည့် အချက်များနှင့် လိုက်နာ ကျင့်သုံး ရမည့်အချက်ကို ဖော်ပြရမည် ဆိုလျှင် ရှောင်ကြဉ်ရမည့် အချက်များမှာ မသိတတ်ခြင်း၊ မရှက်တတ်ခြင်း၊ မကြောက်တတ်ခြင်း၊ လိုချင် တပ်မက်ခြင်း၊ အမြင်မှားခြင်း၊ ထောင်လွှားခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ ဝန်တိုခြင်း တို့ဖြစ်သည်။

မသိတတ်ခြင်း သည် မောဟဖြစ်ပြီး တွေဝေခြင်းဟု ခေါ်သည်။ မသိတတ်ခြင်း ကြောင့် မိမိ ပတ်ဝန်းကျင် တွင် အနှောင့်အယှက် များ အဆင်မပြေမှု များ နေ့စဉ်မြင်တွေ့ ကြရသည်။ ကွမ်းတံထွေး မထွေးရ၊ ဆေးလိပ် မသောက်ရ၊ ကားမရပ်ရ၊ အမှိုက်မပုံရ စသည့် ဆိုင်းဘုတ်များ ရေးထား စေကာမူ လိုက်နာမှု မရှိကြသည်ကို တွေ့ရသည်။ ထို မသိတတ်ခြင်း သည် ဘဝ အောင်မြင်မှု အတွက် အထောက်အကူ မပြုသောကြောင့် ရှောင်ကြဉ် ရမည်ဖြစ်သည်။

ယနေ့ခေတ်တွင် မရှက်တတ်ခြင်း ကြောင့် ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲကြပြီး ဝတ်စား ဆင်ယင်မှု သည်လည်း အရှက်တရား ကင်းမဲ့လာသည်။ အပြိုင်အဆိုင် မလုံမခြုံ ဝတ်ဆင်နေကြကာ ဂုဏ်ယူနေ ကြသည်။ မရှက်တတ်ခြင်း၊ အရှက်မဲ့ခြင်း သည် ဘဝတွင် နေ့စဉ် ရှောင်ကြဉ်ရမည့် အချက် ဖြစ်သည်။ မရှောင်နိုင်ပါက ဘဝတွင် အောင်မြင်မှုနှင့် ကင်းကွာ မည်ဖြစ်သည်။

နောက်ထပ် ရှောင်ကြဉ်ရမည့် အချက် တစ်ချက်မှာ မကြောက်တတ်ခြင်း ပင်ဖြစ်သည်။ မကောင်းသည့် အလုပ်ကို လုပ်ကိုင်ရမှာ မကြောက်ခြင်း၊ မပြောသင့်သည့် စကားကို ပြောရမှာ မကြောက်ခြင်း တို့သည် အကြောက်တရား မရှိသူများ အတွက် ပြုလုပ် တတ်ကြ သောကြောင့် မကောင်းမှု၏ အကျိုးဆက်ကို ခံစားရသည်။

မကောင်းမှု မှန်သမျှသည် ထိတ်လန့် ကြောက်မက်ဖွယ် ကောင်းသော်လည်း ထို မကောင်းမှု များကိုပင် မကြောက်မရွံ့ ပြုလုပ်နေကြ သူများရှိသည်။ ထိုအချက် များသည် ပတ်ဝန်းကျင်ကို ဂရုမစိုက်ခြင်း၊ အလေးမထားခြင်း များကို ဖြစ်စေသည့် အတွက် မိမိဘဝ အောင်မြင်မှု ရရှိလိုသူများ အမှန်တကယ် ရှောင်ကြဉ်ရမည့် အချက်ဖြစ်သည်။

အရာရာကို လိုချင်ခြင်း၊ မက်မောခြင်း သည် လောဘ ဖြစ်သည်။ လောဘ၏ လက္ခဏာကို စာပေများ ထဲတွင် ပူလောင်မှုကို ဖြစ်စေသည်ဟု ဖော်ပြသည်။ လူတို့တွင် လောဘနှင့် ဆန္ဒကို ကွဲပြားစွာ နားလည် သဘောပေါက်ရန် လိုသည်။ အောင်မြင်မှု ရရှိရန်အတွက် ကြိုးစား အားထုတ် ခြင်းသည် လောဘ မဟုတ်ဘဲ ဆန္ဒဖြစ်သည်။ လောဘသည် မကောင်းတာကို လိုချင်ခြင်း ဖြစ်ပြီး ဆန္ဒသည် ကောင်းတာကို လိုချင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘဝ အောင်မြင်မှုများ ရရှိနိုင်ရန် တပ်မက်ခြင်း လောဘကိုပယ်ပြီး ကောင်းမွန်သော ကောင်းမှုများတွင် ဆန္ဒရှိကြရန် လိုသည်။

အမှန်တရားကို အမှားတရားဟု မြင်ခြင်းသည် စာပေထဲတွင် ဖောက်ပြန်စွာ မြင်ခြင်းဟု ရေးသားကြသည်။ လက်တွေ့ ဘဝတွင် ဆရာမိဘ တို့၏ ဆိုဆုံးမမှုကို နားမလည်ခြင်း များကို ကြုံတွေ့ နေကြရသည်။ ဆရာမိဘ တို့က ပညာတတ် စေချင်သောကြောင့် ပြောဆိုညွှန်ပြမှု များကို အမြင်မှားပြီး ချုပ်ချယ်သည်ဟု ထင်မှတ်ကြသည်။ ထို့ကြောင့် အမြင်မမှားအောင် မဖောက်မပြန် နှင့် အမှန်မြင်နိုင် အောင် ကြိုးစား နေထိုင်မှသာ နေ့စဉ် ဘဝတွင် အောင်မြင်မှု ရရှိမည် ဖြစ်သည်။

သို့ဖြစ်ရာ အထက်ဖော်ပြပါ နေ့စဉ်ဘဝ ဖြတ်သန်းရာတွင် ရှောင်ကြဉ်ရမည့် အချက်များသည် လူသားတို့၏ ကောင်းကျိုး ချမ်းသာကို ရည်ရွယ်ပြီး ဗုဒ္ဓက လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်သောကြောင့် ထို လမ်းညွှန်ချက် များသည် လူ့ဘဝတွင် နေထိုင်သမျှ ကာလပတ်လုံး အောင်မြင်မှု ရရှိစေမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

#Yadanarpondaily

မြ၀တီနေ့စဉ်သတင်းစာ (၁-၆-၂၀၁၅) တနင်္လာနေ့



မြ၀တီနေ့စဉ်သတင်းစာ (၁-၆-၂၀၁၅) တနင်္လာနေ့
Download Links

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger