www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 5, 2019

ငဖဲမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၇၁ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ငဖဲမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၇၁ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
-
နေပြည်တော်    မတ်     ၄ 
-
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပျဉ်းဝကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည်ယာဉ်ဝင်/ထွက်မှုများစစ်ဆေးဆောင်ရွက်စဉ် မတ်၂ ရက် ည ၁၁ နာရီခန့်တွင် မောင်တောမြို့နယ်၊ ချီတာကျေးရွာနေသိန်းကျော်(ဘ) ဦးစိန်သာထွန်း မောင်းနှင်ပြီး အောင်စိန်(ဘ) ဦးအောင်ကျော်မြနှင့် ကျော်မင်းဦး(ဘ)ဦးလှမင်းတို့ လိုက်ပါလာသည့် ဒိုင်နာခြောက်ဘီးယာဉ် အမျိုးအစား ယာဉ်အမှတ် ၊ BGO-2M/-----မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း မိုးကာစဇစ်တပ်အိတ်ရှည်များအတွင်းထည့်၍ တင်ဆောင်ထားသည့် WYစာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃၉၉၄၅ ပြား (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၇၁ဝဝဝ ကျော်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများအား ပဒါန်းနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger