www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 18, 2019

ဆေးရုံကြီးများ အုပ်စု HOSPITAL COMPLEX GIS ဓာတ်အားခွဲရုံသစ် ဖွင့်လှစ်

ဆေးရုံကြီးများ အုပ်စု  Hospital Complex GIS ဓာတ်အားခွဲရုံသစ် ဖွင့်လှစ်
-
ရန်ကုန် ဖေဖော်ဝါရီ ၁၇ 
-
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လမ်းမတော်မြို့နယ်နှင့် လသာမြို့ နယ်တို့အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးရေးအတွက်66/11 KV, (2 x 20)MVA  ဆေးရုံကြီးများ အုပ်စု Hospital Complex GIS ဓာတ်အားခွဲ ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းနှင့် ဗိုလ်ချုပ် အောင်ဆန်း လမ်းထောင့်ရှိ အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပသည်။ 
-
ယခုကဲ့သို့ ဓာတ်အားခွဲရုံ အသစ်ဖွင့်လှစ်၍ 11 KV ဓာတ်အားလိုင်းအသစ်များတည်ဆောက်ကာ ဆေးရုံကြီးများသို့ ဓာတ်အား ဖြန့်ဖြူး ပေးမည်ဖြစ်သဖြင့် ဗို့အားကျဆင်းခြင်းနှင့်ဗို့အား မတည်ငြိမ်ခြင်းတို့ပပျောက်သွား မည်ဖြစ်သည့်အပြင် ယခင်က ရယူသုံးစွဲလျက် ရှိသော ဓာတ်အားခွဲရုံများတွင် ဝန်အားလျော့ ကျသွားမည်ဖြစ်သည့် အတွက် ပိုလျှံလာသော ဝန်အားကိုအများပြည်သူများသို့ တိုးမြှင့်ပို့လွှတ်ပေးနိုင်မည်ဖြစ်သည်။ 
-
ယခု ဖွင့်လှစ်သည့် ဆေးရုံကြီးများ အုပ်စု ဓာတ်အားခွဲရုံ အသစ်တည်ဆောက်ရာတွင် အလုံပင်မဓာတ်အားခွဲရုံ၌  66  KV HGIS  Switch Bay နှစ်စုံကို တိုးချဲ့တည်ဆောက်တပ်ဆင်ခြင်း၊ အလုံပင်မဓာတ်အားခွဲရုံမှ ဆေးရုံကြီးများ အုပ်စု ဓာတ်အားခွဲရုံ သို့ 66  KV မြေအောက်ဓာတ်အား လိုင်းနှစ်လိုင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရ ကြောင်း သိရသည်။ 
-
ဆေးရုံကြီးများအုပ်စု ဓာတ်အားခွဲရုံအသစ် တည်ဆောက်ရန်အတွက် ငွေကျပ် ၁၂ ဘီလီယံကျော်အသုံးပြုပြီး ၂ဝ၁၆ ခုနှစ် မတ် ၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်ကပြီးစီးခဲ့သည်။ ဓာတ်အား ခွဲရုံ အဆောက်အအုံ အမျိုးအစားမှာ နှစ်ထပ်  Steel Structure ဖြစ်သည်။ အဆိုပါဓာတ်အား ခွဲရုံသစ်ဖွင့်ပွဲသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်းသိရသည်။ 
-
ဝန်းရံခ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger