www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 18, 2019

အခြေခံ အိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဖွင့်လှစ် ပို့ချ

အခြေခံ အိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဖွင့်လှစ် ပို့ချ
-
မော်လမြိုင် ဖေဖော်ဝါရီ ၁၇ 
-
မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖြစ်သည့် အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းကို ယမန်နေ့က မော်လမြိုင် လူငယ်သင်တန်း ကျောင်း၌ ဖွင့်လှစ် သင်ကြားသည်။ 
-
သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး မွန်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီး ဌာနမှ နည်းပြဖြစ်သူလက်ထောက်အင်ဂျင်နီယာ ဦးသက်နောင်နောင်ဦးကသင်တန်းတက်ရောက်ခြင်းဖြင့်သင်တန်းသားများ အနေဖြင့် အခြေခံ အိမ်တွင်းလျှပ်စစ် သွယ်တန်းမှု နည်းပညာတတ်မြောက်ပြီး ကျောင်းပြင်ပသို့ရောက်ရှိသည့်အခါ အဆိုပါ အတတ်ပညာဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေ၍ အိမ်တွင်းလျှပ်စစ် သွယ်တန်းမှု နည်းပညာအား လက်ဆင့်ကမ်း သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ 
-
သင်တန်းသို့ မော်လမြိုင် လူငယ်သင်တန်းကျောင်းမှ သင်တန်းသား ၂ဝ ဦး တက်ရောက်လျက်ရှိကြောင်း၊ သင်တန်းနည်းပြများအဖြစ် မွန်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှဦးသက်နောင်နောင်ဦး (လက်ထောက်အင်ဂျင်နီယာ)နှင့် ဦးစည်သူဖြိုး (ဦးစီးမှူး)တို့က သင်ကြားသွားမည် ဖြစ်ကြောင်း၊ သင်တန်းကို မတ်လ ၁ ရက်အထိ ၁၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားမည်ဖြစ်ကြောင်း သိရသည်။ 
-
မောင်ရွှေဝင်း(ပြည်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger