www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 20, 2019

တရားမဝင်သော စက်သုံးဆီဆိုင်များကို အရေးယူမည်

-
ပြည် ဖေဖော်ဝါရီ  ၁၉
-
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း တရားမဝင် ရောင်းချနေသည့် စက်သုံးဆီဆိုင်များကို  မတ်လမှ စတင်ကာ  အရေးယူမည်ဖြစ်ကြောင်းသိရသည်။ စက်သုံးဆီဆိုင်များ သတ်မှတ် စည်းကမ်းနှင့်မညီဘဲ ဖွင့်လှစ်ရောင်းချခြင်း၊ သတ်မှတ်နေရာတွင် ရောင်းချမှုမပြုခြင်း၊ လိုင်စင်မရှိဘဲ ဖွင့်လှစ်ရောင်းချခြင်းများကို ပူးပေါင်းစစ်ဆေးမှုများ ပြုလုပ်ကာ အရေးယူမည်ဖြစ်သည်။ 
-
တရားမဝင်ဖွင့်ထားသည့် စက်သုံးဆီဆိုင်ကြီးများအပြင် ဘက်ထရီပန့်ဖြင့်ရောင်းချသည့်ဆိုင်၊ ပုလင်းထောင် ရောင်းချသည့် လမ်းဘေးဓာတ်ဆီဆိုင်များကို အရေးယူရန် ပြင်ဆင်လျက်ရှိသည်။ ပြည်ခရိုင်၌တရားဝင် ရောင်းချနေသော စက်သုံးဆီဆိုင် ၄၂ ဆိုင်ရှိပြီး လျှောက်ထားဆဲ ခြောက်ဆိုင်ရှိကာ တရားမဝင်စက်သုံးဆီဆိုင် ၁၅ဝ ခန့်နှင့် ပုလင်းထောင် ရောင်းချသည့် စက်သုံးဆီဆိုင် ၄၅ဝ ခန့်အထိရှိနေကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger