www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 20, 2019

ရွှေသောင်ယံ-ချောင်းသာသွား ကားလမ်းမကြီး တိုးချဲ့

ရွှေသောင်ယံ-ချောင်းသာသွား ကားလမ်းမကြီး တိုးချဲ့
-
ရွှေသောင်ယံ  ဖေဖော်ဝါရီ ၁၉ 
-
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံ-ချောင်းသာသွား ကားလမ်းမကြီး အဆင့်မြှင့်တင်တိုးချဲ့ဖောက်လုပ်ခြင်းကို ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ ရွှေဟိန်းထက်ကုမ္ပဏီနှင့်ချောင်းသာမှ  GERIZIM HOTELတို့ ဦးဆောင်၍  ရွှေသောင်ယံ-ချောင်းသာလမ်းပေါ်ရှိ ဟိုတယ်လုပ်ငန်းရှင်များ ပူးပေါင်းကာ ပေ ၅ဝ အကျယ်မြေသား လမ်းမကြီးကိုဖောက်လုပ်လှူဒါန်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 
-
အဆိုပါ ရွှေသောင်ယံ-ချောင်းသာ ကားလမ်းသည် လမ်းအရှည် ၈ မိုင်ရှိပြီး ပထမလမ်းသားမှာ ကျဉ်းမြောင်းလွန်းသည့်အတွက်ရွှေသောင်ယံရှိ ဒေသခံပြည်သူများ၏ တောင်းဆိုမှုကြောင့်ယခုလိုလမ်းချဲ့ဖောက်လုပ်ခြင်းဖြစ်ပြီး ယခုဖေဖော်ဝါရီလထဲတွင် အပြီးသတ် ဆောင်ရွက်မည့် ဖြစ်ကြောင်းသိရသည်။  
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger