www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2019

ဒုတိယ အကြိမ် အာဆီယံ စစ်ဘက်ဆေးပညာ ညီလာခံကျင်းပ

ဒုတိယ အကြိမ် အာဆီယံ စစ်ဘက်ဆေးပညာ ညီလာခံကျင်းပ
-
နေပြည်တော်  ဖေဖော်ဝါရီ ၁၈ 
-
အာဆီယံအပေါင်း တပ်မတော်ဆေးဘက်ဆိုင်ရာလုပ်ငန်းကျွမ်းကျင်အဖွဲ့များ၏ သုံးနှစ်တာပူးတွဲဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်းဒုတိယအကြိမ်အာဆီယံစစ်ဘက် ဆေးပညာညီလာခံ (2nd  ASEAN  Military Medicine Conference- 2nd AMMC) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပသည်။ 
-
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်း၊ အိန္ဒိယ တပ်မတော် မှ  Director General Medical Services(Army) Lt. Gen.Manomoy Ganguly ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် အာဆီယံ အပေါင်းနိုင်ငံတို့မှကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့်အာဆီယံ တပ်မတော် ဆေးဘက်ဆိုင်ရာဗဟိုဌာ (ASEAN  Center of  Military Medicine-ACMM) တို့မှကိုယ်စားလှယ်များ၊  ဆေးဝန်ထမ်းတပ်ဖွဲ့မှ အရာရှိ ကြီးများ၊ ပါရဂူများ၊ ဆေးမှူး ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
-
ဦးစွာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကအဖွင့်အမှာစကားပြောကြားပြီး ဆေးဝန်ထမ်းညွှန်ကြားရေးမှူးဗိုလ်ချုပ်စိုးဝင်းနှင့်အိန္ဒိယတပ်မတော်မှ Director  General Medical Services(Army) Lt. Gen. Manomoy Ganguly တို့က ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားသည်။ 
-
-
ထို့နောက် ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတ အဖွဲ့က တိုင်းရင်းသားရိုးရာယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး စာတမ်းဖတ်ပွဲအားစတင်ကျင်းပသည်။ ဒုတိယအကြိမ်မြောက်  အာဆီယံ စစ်ဘက် ဆေးပညာညီလာခံကို အာဆီယံ အပေါင်း နိုင်ငံများမှ  စစ်ဘက်ဆေးပညာ စာတမ်း ၂၆ စောင်၊  ပိုစတာ ၂၃ခုနှင့် Symposium တစ်ခုတို့ ပါဝင်ဖတ်ကြားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက်ထိ  ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger