-
ရန်ကုန် ဖေဖော်ဝါရီ ၁၂
-
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု ညောင်ဝိုင်းကျေးရွာ၏ ရပ်ရွာလူထု အခြေပြု ကိုယ်ထူကိုယ်ထ တံတားဖြစ်သည့် ဝေနေယျ သုခတံတားကို ယနေ့တွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ရှေးဦးစွာ တံတားဖွင့်ပွဲတွင် ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။
-
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများအပါအဝင် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများက အခမ်းအနားကို ဖွင့်လှစ် ပေးကြသည်။
-
အဆိုပါ တံတားကို ကျေးရွာလူထုနှင့် စေတနာရှင်များ၏ လှူဒါန်းငွေများဖြင့် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တံတား အမျိုးအစားမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ကာ ငွေကျပ် ၁၄၆၅၈၇၁ဝ ကုန်ကျကြောင်း သိရသည်။
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment