www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 22, 2019

မြဝတီဘဏ် လီမိတက်၏ (၆၃)ခုမြောက် မြဝတီဘဏ်(နမ့်စန်) ဘဏ်ခွဲဖွင့်လှစ်

မြဝတီဘဏ် လီမိတက်၏ (၆၃)ခုမြောက် မြဝတီဘဏ်(နမ့်စန်) ဘဏ်ခွဲဖွင့်လှစ်
-
နေပြည်တော် ဖေဖော်ဝါရီ ၂၁ 
-
မြဝတီဘဏ်လီမိတက်၏(၆၃)ခုမြောက်ဘဏ်ခွဲဖြစ်သောမြဝတီဘဏ်(နမ့်စန်)ဘဏ်ခွဲဖွင့်လှစ်ခြင်းကိုယနေ့နံနက် ပိုင်းတွင်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြဝတီဘဏ် လီမိတက်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများကမြဝတီဘဏ်(နမ့်စန်) ဘဏ်ခွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းမှူးက ဘဏ်ခွဲ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက်တိုင်းမှူးနှင့် အဖွဲ့ဝင်များကဘဏ်ခွဲကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးပြီး ဘဏ်အတွင်းလှည့်လည်ကြည့်ရှုကြသည်။ 
-
မြဝတီဘဏ်(နမ့်စန်)ဘဏ်ခွဲကို နမ့်စန်မြို့နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး စာရင်းရှင် အပ်ငွေများ၊ ငွေစုဘဏ်အပ်ငွေများ၊ စာရင်းသေအပ်ငွေများ၊ ခေါ်ယူအပ်ငွေများ၊ တက္ကသိုလ်ပညာသင် ဆုဝန်ဆောင်မှု အပ်ငွေများ၊ ATM ကတ်စာရင်းအပ်ငွေများ လက်ခံခြင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ လိုအပ်သော ရင်းနှီးငွေများ အတွက် မရွှေ့ မပြောင်းနိုင်သောမြေနှင့် အဆောက်အအုံများကို အာမခံအဖြစ်ရယူ၍ ချေးငွေများထုတ်ချေးခြင်း၊ မြဝတီဘဏ်ခွဲ အသီးသီးနှင့်ချိတ်ဆက်ထားသည့် မြန်မာ့ စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များသို့ အပြန်အလှန် ငွေလွှဲ ပေးပို့ နိုင်ခြင်းများအပါအဝင် Modern Banking အနေဖြင့်လည်း Mobile Banking ဆိုင်ရာ ဘဏ် လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger