www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 21, 2019

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊ ကမ်းတော ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊ ကမ်းတော ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂ဝ 
-
တနင်္သာရီတိုင်းဒေသကြီး အတွင်းသို့ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ရောက်ရှိနေသော   တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ယနေ့တွင်ဘုတ်ပြင်းမြို့နယ်၊ကမ်းတောကျေးရွာရှိ ဒေသခံပြည်သူ ၅ဝ၅ ဦးကို အဆိုပါကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးခဲ့သည်။ 
-
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၂၁ ဦး၊ ခွဲစိတ်ရောဂါ ၆ဝ ဦး၊ သားဖွား/မီးယပ်ရောဂါ ၆၅ ဦး၊ ကလေးရောဂါ ၄၅ ဦး၊ အရိုးရောဂါ ၄၇ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၄၅ ဦး၊ မျက်စိရောဂါ ၆၆ ဦးနှင့်သွားရောဂါ ၅၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၁၆ ဦး၊ မျက်စိ ခွဲစိတ်လူနာ ၁၃ ဦးတို့ကို ဆေးရုံ ရေယာဉ်ပေါ်၌ ခွဲစိတ်ကုသပေးသည်။
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၄ ဦး၊ တယ် လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၂၁ ဦး၊ ECG  စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ကိုးဦးအား ဆေးရုံရေယာဉ် ပေါ်၌ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger