www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 8, 2019

ကျောက်တံခါးမြို့နယ်၊ မိဘမဲ့ကလေးနှင့် ပညာရေးချို့တဲ့ ကျောင်းသား၊ ကျောင်းသူများ စောင့်ရှောက်ရေး ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ကျောက်တံခါးမြို့နယ်၊ မိဘမဲ့ကလေးနှင့် ပညာရေးချို့တဲ့ ကျောင်းသား၊ ကျောင်းသူများ စောင့်ရှောက်ရေး ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၇ 
-
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ အင်းပတ်လည်ကျေးရွာအုပ်စု၊ အမြန်လမ်းမိုင်တိုင်အမှတ် ၈၉ မိုင် ၅ ဖာလုံရှိ မိဘမဲ့ကလေးနှင့်ပညာရေးချို့တဲ့ကျောင်းသား၊ ကျောင်းသူများစောင့်ရှောက်ရေးကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ ၄၅၈ ဦးတို့ကို သွားနှင့် ခံတွင်းရောဂါ၊  မျက်စိရောဂါ၊ အစာအိမ် ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG စက်များဖြင့် ရောဂါ ရှာဖွေ စမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။
-
ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များကသွားရောက် ကြည့်ရှုအားပေးပြီး ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဇနာနန္ဒအားဖူးမြော်ကာ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မဝတ္ထုငွေများ  ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger