www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 18, 2019

ရန်ကုန်တိုင်း ဒေသကြီး က-ည-နရုံးများ၌ ယခုနှစ် ဇန်နဝါရီလအတွင်း ယာဉ်အစီးရေ ၂၇ဝဝ ကျော် ကနဦး မှတ်ပုံတင် ပြုလုပ်ထား

ရန်ကုန်တိုင်း ဒေသကြီး က-ည-နရုံးများ၌ ယခုနှစ် ဇန်နဝါရီလအတွင်း ယာဉ်အစီးရေ ၂၇ဝဝ ကျော် ကနဦး မှတ်ပုံတင် ပြုလုပ်ထား
-
ရန်ကုန် ဖေဖော်ဝါရီ ၁၇
-
ရန်ကုန်တိုင်းဒေသကြီးရှိကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က-ည-န) ရုံးများ၌ ယခုနှစ် ဇန်နဝါရီလအတွင်း ယာဉ်အစီးရေ ၂၇ဝဝ ကျော် ကနဦး မှတ်ပုံတင် ပြုလုပ်ထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ 
-
အဆိုပါ ကနဦး မှတ်ပုံတင် ပြုလုပ်သည့် ရုံးများမှာ နေပြည်တော် က-ည-န ရုံး၌ ၁၇၁ စီး၊ ထောက်ကြန့် က-ည-န ရုံး၌ အစီးရေ ၂၃၄ဝ၊ ရွာသာကြီး က-ည-န ရုံး၌ ၃၇၉ စီး၊ မန္တလေး က-ည-န ရုံး၌ ၈၂၅ စီး အသီးသီး မှတ်ပုံတင်ထားကြောင်း သိရသည်။ ''ကနဦးယာဉ် စစ်ဆေးမယ်ဆိုရင် စစ်ဆေးမှုမတိုင်မီ တစ်ရက်ကြိုတင်ပြီး မူသေနံပါတ် ယူရပါတယ်။ နံပါတ်ယူပြီးရင် ဖောင်းကြွနံပါတ်ကို ဝယ်ယူရပါတယ်။ ကနဦးမှတ်ပုံတင် ယာဉ်စစ်ဆေးတာကို ခေတ်မီစက်ကိရိယာ တွေနဲ့ စစ်ဆေးနေပါတယ်''ဟု ၄င်းက ပြောသည်။ 
-
မော်တော်ယာဉ် တင်သွင်း ရောင်းချခွင့် ပြုထားသည့် လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်ခြင်း၊ ပိတ်သိမ်းခြင်းနှင့် အရောင်းစင်တာ၊ အရောင်းပြခန်းများ၏ လက်ကျန်မော်တော်ယာဉ် များအား စာရင်း ရှင်းလင်းခြင်းအတွက် မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ၏ သီးခြားခွင့်ပြုစာ တင်ပြရန်နှင့် က-ည-န အနေဖြင့် ယင်းကော်မတီ၏ ညွှန်ကြားချက် ဖြင့်သာယာဉ်မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။ 
-
သက်တမ်း ကုန်ဆုံးနေသည့် မော်တော်ယာဉ် အရောင်းစင်တာနှင့် မော်တော်ယာဉ် အရောင်းပြခန်း များသည် လက်ကျန်ယာဉ်များအတွက် ကနဦး မှတ်ပုံတင် ပြုလုပ်ရန် မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီတွင် ထောက်ခံချက် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။ 
-
ကနဦးမှတ်ပုံတင် ပြုလုပ်သည့် စာရင်းများအရ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ထောက်ကြန့် က-ည-န ရုံး၌ ယာဉ်အစီးရေ ၄၄၂၅ စီး၊ ရွာသာကြီး က-ည-န ရုံး၌ ၁၅၄၄ စီး၊ ဖေဖော်ဝါရီလတွင် ထောက်ကြန့် က-ည-န 

ရုံး၌ ၃၇၉၃ စီး၊ ရွာသာကြီး က-ည-န ရုံး၌ ၁ဝ၉၇ စီး၊ မတ်လတွင် ထောက်ကြန့်က-ည-န ရုံး၌ ၃ဝ၆၃ စီး၊ ရွာသာကြီး က-ည-န ရုံး၌ ၁ဝ၈၁ စီး၊ ဧပြီလတွင် ထောက်ကြန့် က-ည-န ရုံး၌ ၂၆၈၅ စီး၊ ရွာသာကြီး က-ည-န ရုံး၌ ၆၈၂ စီး၊ မေလတွင် ထောက်ကြန့် က-ည-န ရုံး၌ ၄၃ဝ၁ စီး၊ ရွာသာကြီး က-ည-န ရုံး၌ ၁၁ဝ၅ စီး၊ ဇွန်လတွင် ထောက်ကြန့် က-ည-န ရုံး၌ ၃၃ဝ၂ စီး၊ ရွာသာကြီး က-ည-န ရုံး၌ ၆၅၁ စီး၊ ဇူလိုင်လတွင် ထောက်ကြန့် က-ည-န ရုံး၌ ၂၉၁၆ စီး၊ ရွာသာကြီး က-ည-န ရုံး၌ ၇၁၉ စီး၊ သြဂုတ်လတွင် ထောက်ကြန့် က-ည-န ရုံး၌ ၃၆၉၄ စီး၊ ရွာသာကြီး က-ည-န ရုံး၌ ၇၇၁ စီး၊ စက်တင်ဘာလတွင် ထောက်ကြန့် က-ည-န ရုံး၌ ၃၅၂၅ စီး၊ ရွာသာကြီး က-ည-န ရုံး၌ ၄၈၂ စီး၊ အောက်တိုဘာလတွင် ထောက်ကြန့် က-ည-န ရုံး၌ ၂၂၂၅ စီး၊ ရွာသာကြီး က-ည-န ရုံး၌ အစီးရေ ၄၈ဝ၊ နိုဝင်ဘာလတွင် ထောက်ကြန့် က-ည-န ရုံး၌ ၂၉၅၉ စီး၊ ရွာသာကြီး က-ည-န ရုံး၌ ၃၉၈ စီးနှင့် ဒီဇင်ဘာလတွင် ထောက်ကြန့် က-ည-န ရုံး၌ ၂၆၁၁ စီး၊ ရွာသာကြီး က-ည-န ရုံး၌ ၃၆၅ စီး အသီးသီး ကနဦး မှတ်ပုံတင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 
-
ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger