www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 20, 2019

မြိတ်မြို့နယ်၊ သမုတ်စံပြကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မြိတ်မြို့နယ်၊ သမုတ်စံပြကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၉ 
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ သမုတ်စံပြကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၁၈  ရက် နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ သမုတ် ကျောင်းသစ် ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော်သုံးပါးနှင့် ဒေသခံပြည်သူ ၁၄၃ ဦးတို့ကို အရိုး/ အကြော ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ ဦးနှောက်နှင့်အာရုံကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းနှင့် နှလုံးခုန်နှုန်းစစ်ဆေး ပေးခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
-
-
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှုအားပေးပြီးကျေးရွာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒ အားဖူးမြော်ကြည်ညိုကာ သင်္ကန်း၊ ဆွမ်းဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger