www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2019

ခင်ဦးမြို့နယ်၌ လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီး

ခင်ဦးမြို့နယ်၌ လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီး
-
ခင်ဦး  ဖေဖော်ဝါရီ  ၁၈ 
-
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်လက်ပံကွက်ကျေးရွာ၊ဗျိုင်းကြိုင်ကျေးရွာနှင့် ဝန်းကြီးကျေးရွာတို့၌ ယမန်နေ့ ညနေ ၅  နာရီကလေပြင်းတိုက်ခတ်မှုကြောင့်  လူနေအိမ်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားကြောင်း သိရသည်။ 
-
ထိုသို့ လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ကျေးရွာများသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သောအဖွဲ့သည် အချိန်နှင့် တစ်ပြေးညီ ကွင်းဆင်းစစ်ဆေးရာ လက်ပံကွက်ကျေးရွာရှိ ဒေါ်စောလှိုင်၏ နှစ်ထပ် သွပ်မိုး၊ ပျဉ်ထောင်အိမ်တစ်လုံး၊  ဦးဖိုးစိုး၏ နှစ်ထပ်၊  သွပ်မိုး၊ ကပ်ကာအိမ်တစ်လုံးတို့မှာ ထုပ်၊ လျောက်၊ ဒိုင်း၊ သွပ်များ ပြုတ်ထွက်ပျက်စီးခြင်း၊ ဦးကျော်ညွန့်၏ တစ်ထပ်၊ သွပ်မိုး၊ ကပ်ကာ အိမ်တစ်လုံးမှာ  သွပ်မိုးလန်ထွက် ပျက်စီးခြင်း၊ ဗျိုင်းကြိုင်ကျေးရွာရှိ ဦးဝင်းတင့်၏ နှစ်ထပ်၊ သွပ်မိုး၊ ပျဉ်ထောင်အိမ်တစ်လုံးမှာ ထုပ်၊ လျောက်၊ ဒိုင်း၊ သွပ်များ ပြုတ်ထွက်ပျက်စီးခြင်း၊ ဝန်းကြီးကျေးရွာရှိ ဦးမင်း၏ နှစ်ထပ်၊ သွပ်မိုး၊ ကပ်ကာအိမ်တစ်လုံးတို့မှာ သွပ်မိုးလန်ထွက်ပျက်စီးပြီး စုစုပေါင်း အိမ်ငါးလုံး၏ ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၃၆ သိန်းခန့် ပျက်စီး၍  လူနှင့် တိရစ္ဆာန်ထိခိုက် သေဆုံးမှု မရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger