www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 30, 2019

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ အဓိက လမ်းမကြီးများ၌ ယာဉ်ရပ်နား ကန့်သတ်ဇုန်များ ထားရှိ၍ SMART CARD စနစ်ဖြင့် ယာဉ်ရပ်နားခ ကောက်ခံရန် တင်ဒါခေါ်ယူ

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ အဓိက လမ်းမကြီးများ၌ ယာဉ်ရပ်နား ကန့်သတ်ဇုန်များ ထားရှိ၍ Smart Card စနစ်ဖြင့် ယာဉ်ရပ်နားခ ကောက်ခံရန် တင်ဒါခေါ်ယူ
-
ရန်ကုန် ဇန်နဝါရီ ၂၉ 
-
ရန်ကုန်မြို့တွင်းခြောက် မြို့နယ်ရှိ အဓိက လမ်းမကြီးများ၌ ယာဉ်ရပ်နား ကန့်သတ်ဇုန် များထားရှိကာ Smart Card စနစ်ဖြင့် ယာဉ်ရပ်နားခ ကောက်ခံရန် တင်ဒါ ခေါ်ယူထားကြောင်း ရန်ကုန်မြို့တော် 
စည်ပင်သာယာရေး ကော်မတီ တင်ဒါကော်မတီမှ သိရသည်။ 
-
အဆိုပါ လုပ်ငန်းအား လုပ်ကိုင်လိုသော ကုမ္ပဏီများ အနေဖြင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် စိတ်ဝင်စားမှု ဖော်ပြခြင်း (EOI) အဆိုပြုလွှာ တင်သွင်းရမည် ဖြစ်သည်။ ရန်ကုန်မြို့ တွင်းခြောက်မြို့နယ်ရှိ အဓိကလမ်းမကြီးများ၌ ယာဉ်ရပ်နား ကန့်သတ်ဇုန်များ ထားရှိ၍ Smart Card စနစ်ဖြင့် ကားပါကင် လုပ်ဆောင်မည်ဖြစ်ပြီး ယင်းကတ်စနစ်ဖြင့်သာ ယာဉ်ရပ်နားခ ကောက်ခံမည်ဖြစ်သည်။ ယခင်ကစက္ကူဖြတ်ပိုင်းများ အသုံးပြု၍ ယာဉ်ရပ်နားခ ကောက်ခံခဲ့ပြီး ယခုအခါတွင် ကတ်စနစ် အသုံးပြုမည် ဖြစ်သည်။ ယင်းကဲ့သို့ ကောက်ခံခြင်းကို ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းက စတင်နိုင်ရန် စီစဉ်ခဲ့သော်လည်းယခုအချိန်မှစ၍ တင်ဒါခေါ်ယူခြင်းဖြစ်သည်။ 
-
၂ဝ၁၈ ခုနှစ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ၌ Smart Card စနစ် ကားပါကင်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် TMH Telecom Public Co.,Ltd. တို့ တွေ့ဆုံ ဆွေးနွေးသည်။ Smart Card စနစ်ဖြင့် ကားပါကင် ဆောင်ရွက်ပြီးပါက ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့ခြင်း နှင့်အတူ စနစ်တကျ ယာဉ်ရပ်နားမှုကိုစီမံခန့်ခွဲနိုင်မည် ဖြစ်ပြီး သတ်မှတ်နေရာများအတွင်း ယာဉ်ရပ်နား နိုင်ရန်လည်း သတ်မှတ်နိုင်မည် ဖြစ်သည်။ 
-
လက်ရှိတင်ဒါခေါ်ယူမှုတွင် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများ လာရောက် တင်သွင်းနိုင်ပြီး သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ရွေးချယ်မည် ဖြစ်သည်။ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၌အခပေးယာဉ် ရပ်နားရန်အတွက် နေရာများ သတ်မှတ်ရန် ယခင်က စီစဉ်ဖူးသော်လည်း တင်ဒါခေါ်ယူသော ကုမ္ပဏီများက ပေးသည့် တင်ဒါဈေးနှုန်း နည်းပါးသဖြင့် ယင်းစနစ်ကိုရပ်တန့်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ Smart Card စနစ်ဖြင့် ကတ်စနစ်ဖြင့် ကောက်ခံမှုကို ပြန်လည် ဆောင်ရွက်ခြင်းဖြစ်သည်။ 
-
လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ မော်တော်ယာဉ်များ ရပ်နားနိုင်မည့် ကားပါကင်များကိုလည်း တည်ဆောက်ထားပြီး ယင်းနေရာများ၌ ယာဉ်ရပ်နားမှု နည်းပါးကြောင်းသိရသည်။ 
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger