-
နေပြည်တော် ဇန်နဝါရီ ၂၉
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ တောင်နီစံပြကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ညောင်ရံပရိယတ္တိစာသင်တိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၁၄၉ ဦးတို့ကို သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုး ရောဂါ၊ အရိုး/အကြောရောဂါ၊အရေပြားရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကလေးရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment