-
နေပြည်တော်၊ ဇန် - ၃၀
-
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ကျင်းပပြုလုပ်သည်။ ဦးစွာ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပရာ ဇေယျာသီရိဗိမာန်သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကြိုဆိုနှုတ်ဆက်သည်။
-
ဦးစွာ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပရာ ဇေယျာသီရိဗိမာန်သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကြိုဆိုနှုတ်ဆက်သည်။
-
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။ ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ထိုင်းဘုရင့်တပ်မတော်ကြည်းတပ်ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက် အလေးပြုခြင်းကို ခံယူပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ တပ်မတော် အရာရှိကြီးများအား အပြန်အလှန်မိတ်ဆက်ပေးကြသည်။
-
-
-
အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူုး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong နှင့်အတူ ထိုင်းဘုရင့်တပ်မတော်မှစစ်တိုင်းမှူးများ၊ အရာရှိကြီးများ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်စစ်သံမှူးတို့ တက်ရောက်ကြသည်။ ၎င်းနောက် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong က ဇေယျာသီရိဗိမာန် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။
-
ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များသည်ထိုင်းဘုရင့်တပ်မတော်ကြည်းတပ်ဦးစီးချုပ်General Apirat Kongsompong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးသည်။
-
ထိုသို့ တွေ့ဆုံရာတွင် ကြာရှည်စွာ ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုများကို စဉ်ဆက်မပြတ် ပိုမိုတိုးတက် ခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသတစ်လျှောက်တွင် မူးယစ် ဆေးဝါးများနှင့်မူးယစ်ဆေးဝါးများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ တားဆီး နှိမ်နင်းနိုင်ရေးအတွက် သတင်းအချက်အလက်များ ဖလှယ်ရေး၊ လူကုန်ကူးမှုများအား ပူးပေါင်းတားဆီး ဆောင်ရွက်နိုင်ရေး၊တပ်မတော်နှစ်ရပ်ကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့အား ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။ တွေ့ဆုံပွဲ အပြီးတွင်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် တို့သည် အထိမ်းအမှတ်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။
-
ညပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Aureum Place Hotel ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ ညစာမသုံးဆောင်မီတွင်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်တို့က နှုတ်ခွန်းဆက်စကားများ အပြန်အလှန် ပြောကြားကြပြီး အဖွဲ့ဝင်များနှင့်အတူ ညစာသုံးဆောင်ကြသည်။
-
ညစာ သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြ၀တီတေးဂီတ အဖွဲ့မှ နှစ်နိုင်ငံတေး သီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။ ညစာသုံးဆောင် အပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြ ဖျော်ဖြေကြသော မြ၀တီတေးဂီတ အဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီး ပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment