www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 18, 2019

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများ ဆက်လက်ကျင်းပ

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများ ဆက်လက်ကျင်းပ
-
နေပြည်တော် ဇန်နဝါရီ  ၁၇ 
-
၂ဝ၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား (ခ)အဆင့် ဘောလုံးပြိုင်ပွဲ ပထမအကြို ဗိုလ်လုပွဲတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု(ခ) အသင်းနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု (ခ)အသင်းတို့သည်  ယနေ့ ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကြသည်။ 
-
ပြိုင်ပွဲတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု(ခ)အသင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု (ခ) အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။
-
အလားတူ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲ ကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခို ရေးစခန်း၊ ဆင်ဖြူရှင်ခန်းမ၌ လည်းကောင်း၊အမျိုးသား/အမျိုးသမီး  ပြေးခုန်ပစ်ပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ လည်းကောင်း၊ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ (B) ၌လည်းကောင်း၊ အမျိုးသား/အမျိုးသမီးဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(A)၌လည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (C)၌လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဝူရှူး ပြိုင်ပွဲ တို့ကို ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်းရှိ အားကစားရုံများ၌ လည်းကောင်း အသီးသီး ကျင်းပ ပြုလုပ်ကြသည်။
-
အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်  ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင် များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger