www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 18, 2019

မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ကျွဲကူး)၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်

မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ကျွဲကူး)၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များနှင့်  ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ ၁၇ 
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ကျွဲကူးကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ကျွဲကူး)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊  နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းရှိ ပုလဲရွှေရည်ခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။ 
-
ဦးစွာ ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း၊ ဆေးလိပ်နှင့် ကျန်းမာရေး၊ မူးယစ် ဆေးဝါး၏ဆိုးကျိုးများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ  ဆောင်ရွက်ပေးသည်။ 
-
ထို့နောက် ဆေးကုသရေး အဖွဲ့က  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၈၈၃ ဦးတို့ကို အရပ်တိုင်းခြင်း၊  ပေါင်ချိန် ခြင်းနှင့်  တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်းတို့ ဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမ ၆၈ ဦးနှင့်  ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်း ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger