www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

၂ဝ၁၉ ပညာသင်နှစ်အတွက် ရန်ကုန် ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)ဖွင့်လှစ်

၂ဝ၁၉ ပညာသင်နှစ်အတွက် ရန်ကုန် ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)ဖွင့်လှစ်
-
ရန်ကုန်    ဇန်နဝါရီ  ၁ 
-
ရန်ကုန်တိုင်းဒေသကြီး  ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် ဦးဥတ္တမလမ်း ပညာပါရမီ ကျောင်းတိုက်ရှိ ရွှေပြည်သာခန်းမ၌ ၂ဝ၁၉ ပညာသင်နှစ်အတွက် ရန်ကုန်ဗုဒ္ဓ တက္ကသိုလ်(ရွှေပြည်သာ) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ကျင်းပသည်။ ''ပရိယတ္တိသင်ကြားမှုစနစ်တွေကိုလည်း ခေတ်အလိုက်ပြောင်းလဲပြီး သင်ကြားနေပါတယ်။ 
-
သင်ရိုးညွှန်းတမ်းတွေကို အဟောင်းနဲ့ အသစ်ပေါင်းစပ်ပြီး အခုလိုဗုဒ္ဓတက္ကသိုလ်တွေကို ဖွင့်လှစ်ရတာဖြစ်သလို သာသနာတော်မှာလည်း အရည်အသွေးပြည့်ဝတဲ့ မျိုးဆက်သစ် သာသနာ့အာဇာနည်တွေ ပေါ်ထွက်ဖို့ ဒီတက္ကသိုလ်ကို ဖွင့်လှစ်တာပါ''ဟု ရန်ကုန်ဗုဒ္ဓ တက္ကသိုလ်(ရွှေပြည်သာ) ဒုတိယပါမောက္ခချုပ်  ဆရာတော် ဦးပဏ္ဍဝံသက မိန့်ကြားသည်။ ၂ဝ၁၉  ပညာသင်နှစ်အတွက်  PABE  ဒီပလိုမာတန်း တစ်နှစ်သင်တန်းအတွက် ၄ဝ ဦးနှင့် PSE(1)ဒီပလိုမာတန်း နှစ်နှစ်သင်တန်းအတွက် ၃ဝ ဦးတို့အား စတင်ဖွင့်လှစ် သင်ကြားမည်ဖြစ်သည်။ 
-
PABE သင်တန်းတွင် အင်္ဂလိပ်၊ အဘိဓမ္မာ၊ ပါဠိနှင့် ဗုဒ္ဓအလင်းပြဘာသာတို့ကို   သင်ကြားမည်ဖြစ်သည်။ PSE(1) သင်တန်းတွင်  ဗုဒ္ဓဓမ္မ၊  အင်္ဂလိပ်၊ သက္ကတနှင့် ဘာသာဗေဒ ဘာသာရပ်တို့ကို သင်ကြားမည်ဖြစ်သည်။ 

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)တွင် PABE  ဒီပလိုမာတန်းအတွက် ရဟန်းရှင်လူ၊ သီလရှင်ဆရာကြီး၊ ဆရာလေး မည်သူမဆို တက်ရောက်နိုင်ပြီး PSE(1) သင်တန်းတွင် PABE အောင်မြင်ပြီးသူများနှင့် ပထမကြီးတန်း အောင်မြင်ပြီးသူ ရဟန်းရှင်လူ၊ သီလရှင်များ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ 
-
အဆိုပါသင်တန်းနှစ်ခုအတွက် ဒီပလိုမာ အောင်လက်မှတ် ရရှိမည်ဖြစ်သည်။   ထိုမှတစ်ဆင့် B.A နှင့် M.A ဘွဲ့အတန်းများကို ခေတ်မီဗုဒ္ဓစာပေ ပရိယတ္တိသင်ရိုးများအတိုင်း   ဆရာတော်ရှစ်ပါး တို့က သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger