www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 18, 2019

လာအိုနိုင်ငံ၏ နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား ကျင်းပ

လာအိုနိုင်ငံ၏ နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား ကျင်းပ
-
ရန်ကုန်  ဇန်နဝါရီ  ၁၇ 
-
လာအိုနိုင်ငံ၏ နှစ်(၇ဝ)ပြည့် တပ်မတော် နေ့အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို  ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ Chatrium Hotel  ၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေ ကိုယ်စားလှယ်များနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 
-
ဦးစွာ ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ဧည့်သည်တော်များအား မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. yying SAYAXANG ၊  စစ်သံမှူး Colonel. Baunmyvieng Viengnhoutthasat နှင့်တာဝန်ရှိသူတို့က ကြိုဆို နှုတ်ဆက်ကြသည်။ 
-
ထို့နောက် အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သီချင်းနှင့် လာအို နိုင်ငံသီချင်းတို့ဖြင့် ဂုဏ်ပြုဖွင့်လှစ်ကာ နှစ်နိုင်ငံ အလံအား အလေးပြုကြပြီး  အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ကြသည်။ 
-
ဆက်လက်၍ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ သံအမတ်ကြီးနှင့် စစ်သံမှူးတို့သည် အခမ်းအနား တက်ရောက်လာသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး  လာအိုနိုင်ငံ၏ နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။                     
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger