www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 18, 2019

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အင်းဝဘဏ် လီမိတက်၊ ကျောက်ပန်းတောင်း ဘဏ်ခွဲဖွင့်လှစ်

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အင်းဝဘဏ် လီမိတက်၊ ကျောက်ပန်းတောင်း ဘဏ်ခွဲဖွင့်လှစ်
-
နေပြည်တော် ဇန်နဝါရီ  ၁၇ 
-
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းဝဘဏ် လီမိတက်၏ ၅၇ ခုမြောက် ဘဏ်ခွဲဖြစ်သော အင်းဝဘဏ်လီမိတက် ကျောက်ပန်းတောင်း ဘဏ်ခွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ ဈေးကွက်သစ်ရပ်ကွက်၊ အမှတ်(၄၄၃)ရှိ အဆိုပါ ဘဏ်ခွဲ၌ ပြုလုပ်သည်။ ဦးစွာအလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြပြီး တာဝန်ရှိသူများက ကျောက်ပန်းတောင်းဘဏ်ခွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ 
-
ထို့နောက် တိုင်းမှူးက ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့် အတူဘဏ်အတွင်းသို့ လှည့်လည်ကြည့်ရှုကြသည်။ ယနေ့ဖွင့်လှစ်လိုက်သောအင်းဝဘဏ် လီမိတက်၊ ကျောက်ပန်းတောင်းဘဏ်ခွဲသည်အပ်ငွေများလက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (Payment Order)များ ထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank Guarantee)အမျိုးမျိုး ထုတ်ပေးခြင်း၊ Debit Card များထုတ်ပေးခြင်း စသည့် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ဝန်ဆောင်မှု ပေးသွားမည်ဖြစ်သည်။ 
-
အင်းဝဘဏ်လီမိတက် အနေဖြင့် မြန်မာနိုင်ငံ အဝှမ်းရှိပြည်သူများအကြား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ အဆင်ပြေလွယ်ကူ ချောမောစွာ လည်ပတ်နိုင်ရေး ဝန်ဆောင်မှုပေးလျက် ရှိကြောင်း၊ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်းများအပြင် ငွေစုဘဏ်အပ်ငွေအပေါ် အတိုးနှုန်း ၉ ရာခိုင်နှုန်းနှင့် စာရင်းသေအပ်ငွေအပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအလျောက် စုဆောင်းသည့် အချိန်ကာလအပိုင်းအခြား အပေါ်မူတည်၍ ၁ဝ ရာခိုင်နှုန်းအထိ အတိုးနှုန်းများ ပေးအပ်လျက်ရှိပြီး စီးပွားရေး လုပ်ငန်း မတည်ရင်းနှီး လုပ်ကိုင်လိုသူများအတွက် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သတင်းရရှိသည်။                               
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger