www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 17, 2019

ကျောက်မဲမြို့နယ်အတွင်း တရားမဝင် ပိတောက်သစ်ခွဲသားများ သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ

ကျောက်မဲမြို့နယ်အတွင်း တရားမဝင် ပိတောက်သစ်ခွဲသားများ သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၁၆ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အိုရီယမ်တယ်ဟိုင်းဝေး တိုးဂိတ်၌ ဌာန ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့က  မော်တော်ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ်ဇန်နဝါရီ ၁၅ ရက် ည ၇ နာရီခန့်တွင် နောင်ချိုမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့   စည်သူဝင်း(ဘ) ဦးနေဝင်း မောင်းနှင်၍ သက်အောင်ခိုင် (ဘ)ဦးမြင့်မောင် လိုက်ပါလာသည့် ၂၂  ဘီး ယာဉ်အမှတ်၊ 1F/---- အား  ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် တင်ဆောင်လာသည့် ပိတောက်သစ်ခွဲသား ဆိုဒ်စုံ ၁၅ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါမော်တော်ယာဉ်၊ တရားမဝင်သစ်များနှင့်အတူ ဖမ်းဆီးရမိသူများအား ကျောက်မဲ မြို့နယ် သစ်တောဦးစီးဌာနသို့  စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း  သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger