-
နေပြည်တော် ဇန်နဝါရီ ၃ဝ
-
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းတွင်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ပေးသည်။
-
ဦးစွာ ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများကို ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများနှင့် သွားနှင့် ခံတွင်းရောဂါတို့အကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများဆောင်ရွက် ပေးသည်။
-
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်းများ ဆောင်ရွက် ပေးပြီး ဆရာ၊ ဆရာမ ၉၁ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၇၂၃ ဦးတို့ကို ကလေးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment