-
နေပြည်တော် ဇန်နဝါရီ ၁
-
ကရင်ပြည်နယ်၊ ရှမ်းရွာသစ်၏ အနောက်မြောက်ဘက် မီတာ ၅ဝဝဝ ခန့်အကွာ မဲသဝေါပြန့်အတွင်း အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား ယနေ့ညနေ ၃ နာရီခန့်တွင် နယ်မြေတည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် ကေကေအို(ခွဲထွက်)အဖွဲ့မှ ပြောက်ကျားယူနီဖောင်းဝတ် သုံးဦးခန့်က လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ရာ တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်သဖြင့် မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။
-
အဆိုပါဖြစ်စဉ်နေရာ၏ အရှေ့မြောက်ဘက် မီတာ ၅ဝဝ ခန့်အကွာရှိ တောင်ကမူ၌ ကေကေအို(ခွဲထွက်)အဖွဲ့မှ ယာယီအခြေပြုထားသည့် ငှက်ပျောဖက်အမိုး၊ အကာမပါ၊အကျယ် ၇ ပေပတ်လည်ခန့်ရှိ တစ်ဖက်ရပ် တဲတစ်လုံးအား တွေ့ရှိရပြီး ၎င်းတဲ၏ထောင့်မှ အမ်-၁၆ သေနတ်တစ်လက်နှင့်အတူ ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းသတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment