www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 5, 2018

နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် TERRA PEOPLE ASSOCIATION တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ

နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် Terra People Association တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ
-
နေပြည်တော်  ဒီဇင်ဘာ  ၄ 
-
နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Terra People Association (TPA)တို့အကြား   နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
-
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အမှာစကား ပြောကြားပြီးTerra People Association မှ Country Representative ဖြစ်သူ Ms. SHIBATA Kyoko က   နားလည်မှုစာချွန်လွှာနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
-
ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် Terra People Association မှ Country Representative ဖြစ်သူMs.SHIBATA Kyoko တို့က နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန် လဲလှယ်ကြကာ  အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။
-
အဆိုပါ နားလည်မှုစာချွန်လွှာ အနေဖြင့် အပြန်အလှန်ဆက်နွှယ် အကျိုးပြုနေသည့် လူမှုအဖွဲ့အစည်း ဖော်ဆောင်ခြင်း စီမံကိန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ကျောက်တလုံးကြီး မြို့နယ်၊ နောင်တရားမြို့နယ်နှင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ထန်တလန် မြို့နယ်တို့၌ အမေရိကန်ဒေါ်လာ ၃ဝဝ၄၂ဝဝ အသုံးပြု၍ ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ စီမံကိန်းကာလလေးနှစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။
-
အဆိုပါအခမ်းအနားသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊    ဦးစီးဌာနများမှ Terra People Association မှCountry Representative ဖြစ်သူ Ms.SHIBATA Kyoko နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger