-
နေပြည်တော် ဒီဇင်ဘာ ၂၇
-
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ရှိ ငဝန်မြစ်ကြောင်းအတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နေ့လယ်ပိုင်းတွင် ကပ္ပလီကျေးရွာ၏ အနောက်တောင်ဘက် ရေမိုင် ၁ မိုင်ခန့် အကွာ၌ စက်လှေ တစ်စင်း နစ်မြုပ်နေကြောင်း သိရှိရသဖြင့် သွားရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
-
-
အဆိုပါစက်လှေမှာ လှေပိုင်ရှင် ဦးမျိုးဇင်အောင် အပါအဝင် လှေသားလေးဦး လိုက်ပါ လာသော ရှိုင်းဝဏ္ဏအမည်ရှိ ကုန်တင်စက်လှေဖြစ်ပြီး သမ္ဗာန်လေးကျေးရွာမှ ပုသိမ်မြို့ သို့ ကြက်စာ၊ ဘဲစာအိတ်များတင်ဆောင်၍ ပြန်လာစဉ် ရေလှိုင်းပုတ်ခတ်မှုကြောင့် ရေဝင် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကာ လူထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment