www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 6, 2018

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်
-
နေပြည်တော် ဒီဇင်ဘာ ၅
-
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဓမ္မာရုံ၌ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ မဟာဂနဝ္ထါစကပဏ္ဍတိ ၊ အဂမ္ဂ ဟာဂနဝ္ထါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်ဝတ် အသင်းများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်နယ် သံဃနာယက အကျိုးတော်ဆောင် ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသော ဝတ်အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်သည်။
-
အဆိုပါ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ပြိုင်ပွဲဝင်ဝတ်အသင်း ၂၄ သင်းဖြင့် ဒီဇင်ဘာ ၁ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ရွတ်ဆို ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger