www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 5, 2018

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ပဋ္ဌာန်း ဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ အောင်ပွဲနှင့် ဆုပေးပွဲပြုလုပ်

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ပဋ္ဌာန်း ဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ အောင်ပွဲနှင့် ဆုပေးပွဲပြုလုပ်
-
နေပြည်တော်  ဒီဇင်ဘာ  ၄ 
-
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ အောင်ပွဲနှင့် ဆုပေးပွဲကို ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းတွင် နန်းမြို့အတွင်းရှိ နန်းမြို့ဆုတောင်းပြည့်ဘုရား ရန်အောင်မြင်ဓမ္မာရုံ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မဟာနန္ဒီသေနာရာမတိုက် နဝမအုဌ်ကျောင်း ဦးစီးပဓာန မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိလာသ အမှူးပြုသော သံဃာတော်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်ဝတ် အသင်းများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ တောင်ထီးလင်း ကျောင်းတိုက်၊ ကွန်ချာကျောင်းဦးစီးပဓာန ဘဒ္ဒန္တစန္ဒာသီရိထံမှ  ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ထံမှ ပရိတ်တရားတော်များ နာယူကာ  လှူဖွယ်ပစ္စည်းများ  ဆက်ကပ် လှူဒါန်းကြသည်။  ထို့နောက်  ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသော ဝတ်အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များအား တာဝန်ရှိ သူများက ဆုများ အသီးသီး ပေးအပ်သည်။
-
အဆိုပါပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ပြိုင်ပွဲဝင်ဝတ်အသင်း ၂၂ သင်းဖြင့် နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ယှဉ်ပြိုင်ရွတ်ဆို ပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger