-
နေပြည်တော် ဒီဇင်ဘာ ၂၅
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ(၁) အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေ ရုံးမှ ယာယီ ရဲမှူး အောင်ဆွေဦး ဦးစီး တပ်ဖွဲ့ဝင်များ၊ စကားပြန်တစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁)နယ်ခြားစောင့် တပ် Panchari ကင်းစခန်း ဒုတိယစခန်းမှူး Naib Subedar Md. Salim Uddin ဦးစီး တပ်ဖွဲ့ဝင်များ၊ စကားပြန်/ လမ်းပြ သုံးဦးတို့သည် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက မြန်မာနိုင်ငံဘက်ခြမ်း နယ်ခြားမှတ်တိုင်(၅၁)အနီး၌ တွေ့ဆုံဆွေးနွေး၍ မိမိတို့နိုင်ငံအသီးသီး အတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်း အတိုင်း နယ်နိမိတ်မှတ်တိုင်(၅၁)မှ (၅၁/၅)ထိ နှစ်နိုင်ငံ နှစ်ဖက် ညှိနှိုင်း၍ မြေပြင် လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
-
ရဲပြန်ကြား
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment