www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 27, 2018

နှစ်ကူးကာလ နေရပ်ပြန်မြန်မာ အလုပ်သမားများအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သတိပေးချက် ထုတ်ပြန်

နှစ်ကူးကာလ နေရပ်ပြန်မြန်မာ အလုပ်သမားများအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သတိပေးချက် ထုတ်ပြန်
-
ကော့သောင်း ဒီဇင်ဘာ ၂၆ 
-
နှစ်သစ်ကူးကာလ မြန်မာနိုင်ငံသို့ ပြန်ကြမည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ငွေ ကြေးလဲလှယ်ရာတွင် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူအတုများ လက်ခံမရရှိစေရေး အတု အစစ်ခွဲခြား သိရှိနိုင်မည့် နည်းလမ်းများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ယမန်နေ့က သတိပေး ထုတ်ပြန်ထားကြောင်း သိရသည်။ 
-
မြန်မာအလုပ်သမားများ အိမ်ပြန်တုံး (Reentry Visa)ကို လက်ရှိမိမိနေထိုင်ရာ မြို့နယ်များရှိ ထိုင်းနိုင်ငံ လ.ဝ.က ရုံးများ၌ သွားရောက်ပြုလုပ်နိုင်ပြီး လေဆိပ်အပါအဝင် မြန်မာ-ထိုင်း နှစ်နိုင်ငံ တရားဝင်ဖွင့်လှစ်သည့် နယ်စပ်ဂိတ်များတွင် ပြုလုပ်နိုင်ကြောင်း၊ Re-entry Visa နေရပ်သို့ ပြန်ခဲ့မိပါက ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့်ရရှိမည် မဟုတ်ကြောင်း၊ တရား ဝင်လမ်းကြောင်းများမှတစ်ဆင့် နေရပ်သို့ ပြန်နိုင်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။ 
-
နေရပ်ပြန်သည့် လမ်းခရီးတစ်လျှောက်တွင် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများက သက် သေခံ စာရွက်စာတမ်းများ စစ်ဆေးရာတွင် အခက်အခဲမရှိ စစ်ဆေးခံနိုင်ရန် မိမိတို့၏ သက်သေခံစာရွက်စာတမ်းများကို ပြည်စုံစွာ ယူဆောင်သွားကြရန်နှင့် သက်သေခံ စာရွက် စာတမ်းများ လမ်းခရီးတွင် ပျောက်ဆုံးမှုမရှိစေရေး အထူးဂရုပြု ဆောင်ရွက်ကြရန် လိုအပ် သည်။ 
-
ထို့ပြင် နေရပ်ပြန် မြန်မာအလုပ်သမားများအနေဖြင့် အထူးဂရုပြုရမည့် အချက်တစ်ချက်အဖြစ် မိမိတို့ရရှိထားသည့် ခွင့်ကာလ သတ်မှတ်ရက်အတိုင်း လုပ်ငန်းခွင်များသို့ အချိန်မီ ပြန်လည် ၀င်ရောက်နိုင်ရေးသတိပြုကြရန်၊  အကူအညီလိုအပ်ပါက နယ်စပ်မြို့များရှိ အလုပ်သမား သံအရာရှိများထဲသို့ ဆက်သွယ်ခြင်း၊ Line ၊ Viber ဖြင့် အလုပ်သမား သံအရာရှိရုံး၏ Facebook စာမျက်နှာဖြစ်သည့် LA-Thailand Pageတို့မှတစ်ဆင့် ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း ထိုင်းနိုင်ငံတစ်ဝန်းမှ နှစ်သစ်ကူးအားလပ်ရက် မြန်မာနိုင်ငံသို့ပြန်ကြမယ့် အလုပ်သမားများ သိရှိနိုင်ရေး သတိပေးထုတ်ပြန် ကြညာထားကြောင်းသိရသည်။ 
-
ကျော်စိုး(ကော့သောင်း)
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger