
-
နေပြည်တော် ဒီဇင်ဘာ ၁၁
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာ၌ မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖြန့်ဖြူး နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် နောင်လင်ကျေးရွာနေ ဦးဖိုးသူ(ဘ) ဦးစံထွန်း နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂၁၅ဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃ သိန်းခန့်)၊ တူမီးနှစ်လက်နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့်အရေး ယူနိုင်ရေးအတွက် နောင်ချိုမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment