www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 14, 2018

လယ်ဝေးမြို့နယ်အတွင်း ကျေးရွာမီးလင်းရေး ဆောင်ရွက် ထားရှိမှုများအား ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

လယ်ဝေးမြို့နယ်အတွင်း ကျေးရွာမီးလင်းရေး ဆောင်ရွက် ထားရှိမှုများအား ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး
-
နေပြည်တော် ဒီဇင်ဘာ  ၁၃
-
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမီးလင်းရေး စီမံကိန်းတွင် ကျေးရွာများအတွင်း  NEP  စီမံကိန်း ICB-2  ဖြင့်ဆိုလာမီးလင်းရေး ဆောင်ရွက်ထားရှိမှုများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်ကုန်းသာကျေးရွာအုပ်စု သဲဖြူကျေးရွာ၊ စံပြကျေးရွာနှင့် ကုန်းသာကျေးရွာတို့သို့ ကွင်းဆင်း စစ်ဆေးသည်။ ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးစိုင်းသူရကျော်နှင့် ဝန်ထမ်းများ၊ ကမ္ဘာ့ဘဏ် မှ Mr.Adhikari နှင့် တာဝန်ရှိသူများသည် ကျေးရွာ အတွင်း NEP  စီမံကိန်း ICB-2 ဖြင့် ဆိုလာမီးလင်းရေး ဆောင်ရွက်ထားရှိမှုများ၊ ကျေးရွာအလိုက် 60 W ၊ 100 Wပြုလုပ်ထားမှု၊ ဘာသာရေး အဆောက်အအုံများ၊ ပညာရေး အဆောက်အအုံများနှင့် ကျေးရွာလမ်း မီးပေးခြင်း လုပ်ငန်းများတွင် အရည်အသွေး ပြည့်မီမှု ရှိ၊ မရှိနှင့် လျှပ်စစ်အားအန္တရာယ်ကင်းစွာ အသုံးပြုနိုင်စေရေး ကွင်းဆင်းစစ်ဆေးသည်။
-
အဆိုပါမီးလင်းရေး စီမံကိန်းတွင် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၂ ရွာကို  NEP စီမံကိန်း ICB-2 ဖြင့် ဆိုလာမီးလင်းရေးကို ကျေးရွာအလိုက် 60 W ၊ 100 W ဆောင်ရွက် ထားရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger