www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 27, 2018

နိုင်ငံတကာ အင်္ဂလိပ်ဘာသာ အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုလိုသည့် ကျောင်းသား ကျောင်းသူများကို ရာသက်ပန် ပညာသင်ဆု ပေးမည်

-
ရန်ကုန်  ဒီဇင်ဘာ  ၂၆ 
-
နိုင်ငံတကာ   အင်္ဂလိပ်ဘာသာ အရည်အချင်းစစ် စာမေးပွဲများ   ဖြေဆိုလိုသည့် ကျောင်းသား၊ ကျောင်းသူများကို ရာသက်ပန်  IELTS Course Scholarship ပေးမည်ဖြစ် ကြောင်း  The SPACE Language Academy  မှ သိရသည်။ ပညာသင်ဆု   လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဝင်ခွင့်ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင် သူများအနေဖြင့် IELTS  Preparation Course  များကို သင်တန်းကြေး  ၁ဝဝ  ရာခိုင်နှုန်း ကင်းလွတ်ခွင့် ရမည်ဖြစ်သည်။ 
-
''ပထမဆုံးအနေနဲ့  IELTS  Placement Test ကို အရင်ဆုံးဖြေဆိုရပါမယ်။ Scholarship ရတဲ့သူတွေက  ရာသက်ပန် ဘယ်သင်တန်းမှာ တက်တက် တက်ခွင့်ပေးမယ်။ အမှန်တကယ် တက်ရောက်နိုင်မှသာ လျှောက်သင့်တယ်။  အမှန် တကယ် မတက်နိုင်ဘဲ လျှောက်ရင်  တကယ်တက်ချင်တဲ့သူတွေ အတွက်   နစ်နာမှုတွေရှိတယ်''  ဟု  The  SPACE Language Academy မှ  Co-founder and Principal ဒေါ်မေမွန်အောင် ကပြောသည်။ 
-
ယင်းသင်တန်းတွင် IELTS  စာမေးပွဲကို အခြေခံမှစ၍ ပြင်ဆင်လိုသူများအတွက် IELTS  Fresher Course ၊ IELTS စာမေးပွဲကိုဖြေဆိုရန်  အနီးကပ် ပြင်ဆင်လိုသူများ အတွက် IELTS Test Taker (6+and 7 +) Courses နှင့် IELTS စာမေးပွဲဖြေဆိုလျှင် Skill တစ်ခုချင်းစီတွင်အမှတ်ကောင်းရအောင်စနစ်တကျလေ့ကျင့်လိုသူများ အတွက်  Single Skilled Courses ဟူ၍  အမျိုးအစား သုံးမျိုး ခွဲခြားထားသည်။ ပညာသင်ဆု  လျှောက်ထားလိုသူများ  အနေဖြင့်  မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ် ပြီး  ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်းသိရသည်။ 
-
ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger