www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 5, 2018

ပုသိမ်-မုံရွာကားလမ်းဘေးရှိ ကျားအိုကျေးရွာ ရွာလယ်လမ်းကိုသံပေါင်ခတ်၍ ပိတ်ဆို့ထားသဖြင့်ကားများတန်းစီရပ်ပြီးကန့်ကွက်

-
ပန်းတောင်း ဒီဇင်ဘာ ၎
-
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ပုသိမ်-မုံရွာကားလမ်းဘေးရှိ ကျားအိုကျေးရွာ ရွာလယ်လမ်းကို ကားကြီးများဝင်မရအောင် သံပေါင်များခတ်၍ ပိတ်ဆို့ထားခြင်းကို ယနေ့တွင် ဒေသခံယာဉ်မောင်းများ က ကားများတန်းစီရပ်ပြီး ကန့်ကွက်မှုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
-
ပန်းတောင်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ပူးပေါင်းဌာနများ၊ ဒေသခံများက လူထုဗဟိုပြုစီမံကိန်းဖြင့် ကွန်ကရစ်ခင်းထားသည့်အဆိုပါရွာလယ်လမ်းကို ကားကြီးများ ဝင်မရအောင် လမ်းထိပ် နှစ်ဖက်တွင် ဘောလုံးဂိုးတိုင်သဖွယ် လေးထောင့်သံပေင်များခတ်၍ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်းသိရသည်။
-
ဒီလမ်းမကြီးကို အားကိုးပြီး လူမှုရေး၊ စီးပွားရေး၊ ခရီးသည်တွေ ကုန်စည်စီးဆင်းမှုကအစ ဒီလမ်းကိုပဲ အားကိုးရတာ။ ပြီးတော့ ခဝါဆည် ကလဲရှိတယ်။ ရေဘေးဆို ဒီလမ်းက ပဲပြေးရမှာ။ အဲလိုပိတ်ထားလိုက်တော့ အဆင်မပြေတော့ဘူး။ ဒီရွာရဲ့နောက်မှာ ဒီလမ်းကို အားကိုးရတဲ့ ရွာပေါင်း ခုနစ်ရွာရှိတယ်။ အဲဒါတွေ အတွက် လိုင်းကားသွားဖို့တောင် အဆင်မပြေတော့လို့ အခုလိုကန့်ကွက်ရတာပါဟု တုံကင်း (ချင်းရွာ)မှ ဒေသခံ ဦးသိန်းနိုင်ကပြောပြသည်။
-
သံပေါင်များပိတ်ဆို့ခြင်းကို ပြည်သူ လူထု၏အများဆန္ဒအရ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး ယာဉ်များတန်ပိုတင်ခြင်း ကြောင့်လမ်းများပျက်စီးခြင်း၊ လမ်းအသုံးပြုခ အခကြေးငွေသတ်မှတ် ခြင်းတို့ကို ယာဉ်မောင်းများက မလိုက်နာခြင်းကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း လူထုဗဟိုပြုစီမံကိန်း မှ တာဝန်ရှိသူများက ပြောပြသည်။ 
-
သံပေါင်များကို ဒီဇင်ဘာ ၂ရက် က စတင်စိုက်ထူခဲ့ခြင်းဖြစ်ပြီး ယခုကန့်ကွက်မှုများ ပြုလုပ်နေစဉ် ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် စီမံကိန်းတာဝန်ရှိသူများ လာရောက်ကွင်းဆင်းဖြေရှင်းမှု 
ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
-
မောင်းတံတွေ ဖြုတ်ခိုင်းလိုက်ပြီ။ ဘာလို့လဲဆိုတော့ အများပြည်သူသွားတဲ့လမ်းမှာ အဲဒီလိုလုပ်လို့မရဘူး။ လမ်းခံနိုင်အားက ကြိုစဉ်းစားပြီးလုပ်ရမှာပေါ့။ အစဉ်အလာသွားတဲ့လမ်းကိုတော့ သွားလို့ရအောင် လုပ်ရမှာပါ။ ဖြုတ်ခိုင်းလိုက်ပါပြီဟု ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောပြ၍သိရသည်။  
-
MMK
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger