www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 27, 2018

ရာဇမဏိစူဠနန်းဦး စေတီတော်ကြီး၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပ

ရာဇမဏိစူဠနန်းဦး စေတီတော်ကြီး၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပ
-
မြစ်ကြီးနား ဒီဇင်ဘာ ၂၆ 
-
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာအုပ်စု နယ်မြေ(၅)ရှိ ဓမ္မပါရဂူရေဦး ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရာဇမဏိစူဠနန်းဦး စေတီတော်မြတ်ကြီး၏ ပထမအကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးနှင့် ဆွမ်းသပိတ်လောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ကြီး၌  ကျင်းပသည်။ 
-
ရှေးဦးစွာဆရာတော်၊ သံဃာတော်များနှင့်   ရှင်သာမဏေများအား ဘုရားဒါယကာနှင့် ဒါယိကာမမိသားစု၊ စေတနာရှင်ပြည်သူများက ဆွမ်းသပိတ်နှင့် လှူဖွယ်ဝတ္ထုအစုစုကို လောင်းလှူ ပူဇော်ကြသည်။ 
-
ဆက်လက်၍  ဆွမ်းသပိတ်နှင့် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း အခမ်းအနားကို အဆိုပါကျောင်းတိုက်အတွင်းရှိ မနောဒယ  ဓမ္မာရုံတော်ကြီး၌ ကျင်းပရာမန္တလေးမြို့ မြစေတီကျောင်းတိုက်မှ ရွှေနီကန်ဆရာတော် အရှင်ပညာဝုဓ (နယ်လှည့်ဓမ္မကထိက) ကြွရောက်တော်မူပြီး တက်ရောက်လာသည့် အလှူရှင်များက ဆရာတော်အား သြကာသ ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကာ ဆရာတော်ထံမှ  ငါးပါးသီလတော်မြတ်အား    ခံယူဆောက်တည်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ 
-
ဆွမ်းသပိတ်လောင်းလှူရာသို့ မြစ်ကြီးနားမြို့ပေါ်ရှိ ကျောင်းတိုက် ၃၅ တိုက်မှ ဆရာတော်၊ သံဃာတော် နှင့် သာမဏေ ၄၂၃ ပါး ကြွရောက်တော်မူပြီး စေတီတော်ကြီး၏ ပထမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ကျေးလက်ရိုးရာ မြေဝိုင်းပြဇာတ် ခင်းကျင်းကပြခြင်းများ၊ မြန်မာ့ရိုးရာ ဝိုင်းခြင်းအလှခတ်ခြင်းနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများ ကျင်းပပေးကာ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger