www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 3, 2018

အင်းစိန်-ကြည့်မြင်တိုင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းပြုပြင်မှု စတင်နိုင်ခြင်းမရှိသေး

-
ရန်ကုန် ဒီဇင်ဘာ ၂ 
-
မြန်မာ့မီးရထားလုပ်ငန်းအနေဖြင့် ပြည်သူများခရီးသွားလာရာတွင်အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်မြို့ပတ် ရထားလမ်းအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့ပတ် အနောက်ဘက်ခြမ်း အင်းစိန်-ကြည့်မြင်တိုင် ရထားလမ်းပိုင်းပြုပြင်မှုကို ယမန်နေ့က စတင်ရန် စီစဉ်ထားသော်လည်း တညင်းကုန်း-အင်းစိန်ရထားလမ်းပိုင်းပြုပြင်မှု မပြီးပြတ်သေးသဖြင့်အင်းစိန်-ကြည့်မြင်တိုင်ရထားလမ်းပိုင်းပြုပြင်မှုကို စတင်နိုင်ခြင်း မရှိသေး ကြောင်း မြန်မာ့မီးရထား တိုင်း (၇) မန်နေဂျာ ဦးဇော်လွင်ထံမှ သိရသည်။
-
လက်ရှိဆောင်ရွက်လျက်ရှိသည့် ရန်ကုန်မြို့ပတ်အနောက်ဘက်ခြမ်း တညင်းကုန်း-အင်းစိန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလကုန်ပိုင်းတွင်ပြီးစီးရန်မျှော်မှန်းထားသော်လည်းဂျပန်နည်းပညာ အတိုင်း ပြုလုပ်နေရခြင်းဖြစ်သည့် အတွက်လုပ်ငန်းနှောင့် နှေးမှုများရှိနေသည်။
-
ထိုသို့နှောင့်နှေးမှုများရှိခဲ့သောကြောင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို လျာထားချက်အတိုင်း၂ဝ၂၂ ခုနှစ်တွင် အပြီးဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့ပတ်အရှေ့ဘက်ခြမ်းအပိုင်း (၁) ဖြစ်သည့် တညင်းကုန်း-မင်္ဂလာဒုံပုရွက်ဆိတ်ကုန်း ရထား လမ်းပိုင်းနှင့် အနောက်ဘက်ခြမ်းအပိုင်း(၂) ဖြစ်သည့် အင်းစိန်-ကြည့်မြင်တိုင် ရထား လမ်းပိုင်း တို့ကိုတစ်ပြိုင်တည်းဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်သည်။
-
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းအတွက် ရန်ကုန်မြို့ပတ်အနောက်ဘက် ခြမ်း တညင်းကုန်း-အင်းစိန်ရထားလမ်းပိုင်းကို ယခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က စတင်ခဲ့ပြီး ယခုလကုန်တွင် ပြီးစီးမည်ဖြစ်ကာ ရန်ကုန်မြို့ပတ်အရှေ့ဘက်ခြမ်းတညင်းကုန်း-မင်္ဂလာဒုံ-ပုရွက်ဆိတ်ကုန်းရထားလမ်းပိုင်းနှင့် အနောက်ဘက်ခြမ်းအင်းစိန်-ကြည့်မြင်တိုင် ရထားလမ်း ပိုင်းအဆင့်မြှင့်တင်ခြင်းကို ယမန်နေ့ကဆောင်ရွက်ရန် ရည်ရွယ်ထားသော်လည်း တညင်းကုန်း-အင်းစိန်ရထားလမ်းပိုင်းပြုပြင်မှုမပြီးစီးသည့်အတွက်အင်းစိန်-ကြည့်မြင်တိုင်ရထားလမ်းပိုင်းပြုပြင်မှုကိုမစတင်နိုင်သေးကြောင်း၊သို့သော်လည်း မြို့ပတ်ရထားပြေးဆွဲမှုကို ယခင်အချိန်ဇယားအတိုင်းပြေးဆွဲပေးမည် ဖြစ်ပြီးလုပ်ငန်းစတင်နိုင်မည့်ရက်နှင့် ရထားအချိန်စာရင်းပြောင်းလဲပါက ခရီးသွားပြည်သူများအား အချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေရေး အသိ ပေးကြေညာမည်ဖြစ်ကြောင်း ဦးဇော်လွင်ကပြောသည်။
-
မြန်မာ့မီးရထားလုပ်ငန်းအနေဖြင့် လက်ရှိဆောင်ရွက်နေသည့်အပိုင်းတွင် အခက်အခဲအနည်း ငယ်ရှိနေသော်လည်း ရထားသံလမ်းအပိုင်းကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ် ပြီး အချက်ပြစနစ်များ အဆင့်မြှင့်တင်ခြင်းနှင့် ရန်ကုန်မြို့ပတ်ရထားလိုင်းပိုင်း အဆင့်မြှင့် တင်ခြင်း လုပ်ငန်းကို ၂ဝ၂၂ခုနှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။  
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger