www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 14, 2018

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်၊ သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီးတို့နှင့် သီးခြားစီတွေ့ဆုံ

-
နေပြည်တော်  ဒီဇင်ဘာ  ၁၃ 
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်  UNDP  ၏ လက်ထောက် အုပ်ချုပ်ရေးမှူးနှင့် အာရှ- ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Haoliang Xu ဦးဆောင်သော အဖွဲ့၊သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးနှင့် အထက် လွှတ်တော်အမတ် The Honourable Marise Payne တို့ကို ယနေ့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီ တွေ့ဆုံသည်။ 
-
ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် UNDPတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံချက်များ၊ ရခိုင်ပြည်နယ်သို့ သွားရောက်၍ လေ့လာသည့် ခရီးစဉ်မှ လေ့လာတွေ့ရှိချက်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊    ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ်အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ နောက်ဆုံး အခြေအနေများ၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ IDP စခန်းများ ပိတ်သိမ်းရေး၊ နေရပ်စွန့်ခွာသူများ   ပြန်လည် လက်ခံရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊  လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးရေးအတွက်  UEHRD ကော်မတီမှ တစ်ဆင့် လူငယ်လုပ်အားပေးများနှင့် ကြက်ခြေနီ လှုပ်ရှားမှုတို့ဖြင့် ဆောင်ရွက်နေမှုများ၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး၊  AHA Centre တို့်နှင့် ချိတ်ဆက် ဆောင်ရွက်မှုများ၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဝန်ကြီးဌာနနှင့် UNDP ၊  UNHCRတို့နှင့် နားလည်မှု စာချွန်လွှာရေးထိုး ဆောင်ရွက်မှု အခြေအနေများ၊ UNDP က တင်ပြထားသော  Quick  Impact  Projects များနှင့် စပ်လျဉ်း၍ သဘောထား အမြင်များနှင့် ခွင့်ပြုချက်ရရှိရေး၊ ပြန်လည်နေရာချထားရေးနှင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် UNDP   က ပူးပေါင်း ပါဝင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 
-
ဆက်လက်၍ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးနှင့်   အထက်လွှတ်တော် အမတ်နှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံခြားရေးဝန်ကြီး၏ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်မှ တွေ့ရှိချက်များနှင့် သိရှိလိုသည့် အချက်များ၊ ရခိုင်ပြည်နယ်ရှိ  ရှိရင်းစွဲ IDP စခန်းများ ပိတ်သိမ်းခြင်းနှင့် စပ်လျဉ်း၍ အမျိုးသားအဆင့် မဟာဗျူဟာကို ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နားလည်မှုစာချုပ် ရေးထိုး၍ ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာဘက်က ပြင်ဆင်ထားရှိမှုများနှင့် အဆင်သင့်ဖြစ်နေမှုများ၊ လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံသားဖြစ်ခွင့်တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် UEHRD စီမံကိန်းက ဆောင်ရွက်နေ မှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာများ၊   သြစတြေးလျ နိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး တို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger