www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 28, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ ကျင်းပသည့် K-WIND SOUL BEAT ကိုရီးယားရိုးရာ အနုပညာ ဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှု အားပေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ ကျင်းပသည့် K-Wind Soul Beat ကိုရီးယားရိုးရာ အနုပညာ ဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှု အားပေး
-
နေပြည်တော်  နိုဝင်ဘာ  ၂၇
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည ၇ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-2)၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏  နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့နှင့် ၂ဝ၁၉ ခုနှစ်တွင် ကျရောက်မည့်  ကိုရီးယား-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး  နှစ်(၃ဝ)ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးက ကျင်းပသည့်  K-Wind Soul Beat ကိုရီးယား ရိုးရာအနုပညာဖျော်ဖြေပွဲသို့   တက်ရောက်ကြည့်ရှု အားပေးသည်။
-
ဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်ဇနီး၊  တပ်မတော်အရာရှိကြီးများ၊  ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် သံရုံးမှတာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ည၆ နာရီ ၅၅ မိနစ်တွင်  ဖျော်ဖြေပွဲ ကျင်းပမည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ သို့ရောက်ရှိလာရာ ကိုရီးယား သံအမတ်ကြီးနှင့်ဇနီးတို့က ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ပြီး   မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးသည်။
-
ဖျော်ဖြေပွဲတွင် ကိုရီးယားသံအမတ်ကြီး H.E. Mr.Lee Sang-hwa က နှုတ်ခွန်းဆက် စကား ပြောကြားသည်။
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်  ကိုရီးယား သံအမတ်ကြီးနှင့် ဇနီးတို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
-
ယင်းနောက် ကိုရီးယား အနုပညာရှင်များက ကိုရီးယားရိုးရာ အနုပညာ အဆို၊အက၊အတီးတို့ဖြင့် ဖျော်ဖြေကြကြောင်း သိရသည်။ (သတင်းစဉ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger