www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 28, 2018

မှော်ဘီမြို့နယ်ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာတို့၌ နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အိမ်ရာနေထိုင်ခွင့် လက်မှတ်နှင့် တိုက်/အခန်းသော့များ လွှဲပြောင်း ပေးအပ်

မှော်ဘီမြို့နယ်ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာတို့၌ နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အိမ်ရာနေထိုင်ခွင့် လက်မှတ်နှင့် တိုက်/အခန်းသော့များ လွှဲပြောင်း ပေးအပ်
-
နေပြည်တော်  နိုဝင်ဘာ ၂၇ 
-
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(ရန်ကုန်-၁) (မြိုင်သာယာ)နှင့် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(ရန်ကုန်-၂)(ကြက်ဖြူကန်) တို့၌ နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် မိသားစုဝင်များအား အိမ်ရာနေထိုင်ခွင့် လက်မှတ်နှင့်   တိုက်/အခန်းသော့များ လွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်ရှိ တပ်နယ်ခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (ရန်ကုန်-၁)နှင့် (ရန်ကုန်-၂) တွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း ၁၈၄ ဦးတို့ကို အိမ်ရာနေထိုင်ခွင့် လက်မှတ်နှင့် အခန်းသော့များ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီများမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
-
ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အိမ်ရာအတွင်း လှည့်လည်ကြည့်ရှု၍ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
-
အဆိုပါ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာများအား နိုင်ငံတော်နှင့် တပ်မတော် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါနှင့် အသက်စွန့််လွှတ်ခဲ့ကြသည့် အရာရှိ၊  စစ်သည်များနှင့် သက်ပြည့်အငြိမ်းစား စစ်မှုထမ်းဟောင်းများအတွက် ဆောက်လုပ်ပေးခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် ဧပြီလအထိ အဆိုပါ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာများ၌ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်  တပ်မတော်သား မိသားစုဝင် စုစုပေါင်း ၄၂၆ ဦးထံသို့ နေအိမ်တိုက်ခန်းများ  လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
-
ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း ၁၈၆ ဦးတို့ကို သွေးတိုးရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များက တိုင်းစစ်ဌာနချုပ် စိုက်ပျိုး၊ မွေးမြူရေးခြံများမှ ထွက်ရှိသည့် သန့်ရှင်း လတ်ဆတ်သော အသား၊ငါး၊ ကြက်ဥ၊ နွားနို့နှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သော စားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger