
နေပြည်တော် နိုဝင်ဘာ ၇
-
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မန္တလေး တပ်နယ်၏ (၂၄)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်အလှူတော်မင်္ဂလာကို ယနေ့နံနက် ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင် ခန်းမ၌ပြုလုပ်ရာ မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်၊ မဟာဝိ ဇိတာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော် နိုင်ငံတော်သြဝါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစာရိန္ဒာ ဘိဝံသအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်း၊ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက် လာကြသူ များက မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ် စည်ရှင်ကျောင်းဆရာတော် ရွှေကျင် နိကာယ ဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင် သာသနာပိုင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂÓဏာဘိဝံသထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာ တော်များထံမှ ပရိတ်တရားတော်များ နာယူ ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင် များက မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော်နှင့် သံဃာတော်များ အား ကထိန် လျာဥာတ်သင်္ကန်း၊ လှူဖွယ်ပစ္စည်း များနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
-
တိုင်းစစ်ဌာနချုပ်၏ (၂၄)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် အလှူတော်မင်္ဂလာ တွင် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များမှ လှူဒါန်းသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ နှင့် နဝကမ္မ အလှူငွေများ ပါဝင်သော စုစုပေါင်း ငွေကျပ်သိန်း ၂၂ဝ ကျော်တန်ဖိုးရှိ ပဒေသာ ပင် ၅၁ ခုကို နိုဝင်ဘာ ၆ ရက် နေ့လယ်ပိုင်းတွင် မန္တလေးမြို့ရိုး တစ်ပတ် လှည့်လည်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment