www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 8, 2018

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်း ဝတ်စုံနှင့် စာရေး ကိရိယာများပေးအပ်

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ ၂ဝ၁၈-၂ဝ၁၉  ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်း ဝတ်စုံနှင့် စာရေး ကိရိယာများပေးအပ်
နေပြည်တော်  နိုဝင်ဘာ  ၇
-
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက် ရောက်ပညာ သင်ကြားလျက်ရှိသည့် အနောက် မြောက်တိုင်း စစ်ဌာနချုပ်မှ  တပ်မတော် သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ  တိုင်းမှူး  ဗိုလ်ချုပ် ဖုန်းမြတ်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

-
ဦးစွာ တိုင်းမှူးက ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။   ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြား လျက်ရှိသည့်   မူလတန်း၊  အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၆၄ ဦးတို့ကို ကျောင်း ဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger