www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 6, 2018

တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းစခန်း၌ ငွေကျပ် သန်းတစ်ထောင်ကျော်ဖြင့် ငါးလုပ်ငန်း အတတ်သင်သိပ္ပံကျောင်း တည်ဆောက်ရန် လျာထား

-
ရန်ကုန်   နိုဝင်ဘာ   ၅   
-
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ငါးလုပ်ငန်းစခန်း၌ ငါးလုပ်ငန်း အတတ်သင်သိပ္ပံကျောင်း တည်ဆောက်ရန် ငွေကျပ် သန်းတစ်ထောင်ကျော် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
-
''လောလောဆယ်  ငွေကျပ် ၁ဝ၂၆ သန်းလောက် အသုံးပြုဖို့ လျာထားပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနမှာ ရှိတဲ့  သင်တန်းကျောင်းတစ်ခုမှာမှ သင်တန်းသား အိပ်ဆောင်တို့၊ထမင်းစားဆောင်တို့ မပါပါဘူး။ ဓာတ်ခွဲခန်းမရှိဘူး။ ငါးသားဖောက်ရုံဆိုတာလည်း မရှိပါဘူး။ အခုဆောက်မယ့် ငါးလုပ်ငန်းအတတ်သင် သိပ္ပံကျောင်းမှာ အကုန်လုံးပါမယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလှဌေးကပြောသည်။
-
ယင်းသင်တန်းကျောင်းကို ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်ဖြင့် တစ်နှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ်ပြီး ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်သင်ကြား ပေးနိုင်မည်ဖြစ်သည်။
-
အဆိုပါသင်တန်းကျောင်းကို မွေးမြူရေးနှင့် ပတ်သက်သည့် သင်တန်းများ ပေးနိုင်ပြီး ငါးလုပ်ငန်းနှင့် ပတ်သက်သည့်  နည်းပညာများကိုပါ  သင်ကြားပေးနိုင်ရန်  ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊  ယင်းသင်တန်းကို စိတ်ဝင်စား သူတိုင်း တက်ရောက်နိုင်ပြီးအခြေခံပညာမူလတန်း အဆင့်မှ  အခြေခံပညာအလယ်တန်း အဆင့်အထိ တက်ရောက်ပြီးသူများ တက်ရောက်နိုင်သည်။ ငါးလုပ်ငန်းနှင့် ပတ်သက်သည့် မွေးမြူရေးလုပ်ငန်းကို  စိတ်ဝင်စားသူများ အနေဖြင့်  ငါးမွေးမြူရေး  ပိုမိုဖွံ့ဖြိုးလာစေရေး အတွက်  ငါးမွေးမြူရာတွင် လိုအပ်သည့် နည်းပညာများကို သိရှိနိုင်ရန်နှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့နိုင်ရန် သင်တန်းကျောင်း ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger